ကြော်ငြာအတွက် မိုးစက်ဝိုင်ကို ရွေးချယ်မှု

Tuesday, November 12, 2013


~


  မယ်စကြာဝဠာပွဲ သွားရောက် ယှဉ်ပြိုင်ခဲ့သူ အလှမယ် မိုးစက်ဝိုင်ကို ကြော်ငြာများမှာ တွေ့လာရဖွယ် ရှိပါတယ်။



လောလောဆယ်တော့ တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးမှာ  ပဲနို့ကြော်ငြာနေတဲ့ အလှမယ် မိုးစက်ဝိုင်ကို အထက်ပါပုံအတိုင်း တွေ့ရပါလိမ့်မယ်။

ပဲနို့ဘူးတွေကို ခြင်းအပြည့် ကိုင်ထားတာပါ။

မိုးစက်ဝိုင်နဲ့ ကြော်ငြာခြင်းဟာ ထိရောက်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ လုပ်ငန်းရှင်တချို့က ယူဆထားဟန်ရှိပါတယ်။

ဒီနှစ်ပိုင်းအတွင်း နိုင်ငံတကာပွဲတွေကို သွားပြိုင်တဲ့ မြန်မာအလှမယ်တွေ ဟောတယောက် ဟောတယောက် ပေါ်ပေါက်လာပါတယ်။ ဂျပန်မှာ သွားပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဆိုရင် ကြော်ငြာတွေ ရိုက်ကူးနေပါပြီ။ ဗီဒီယိုဇာတ်လမ်းလည်း ရိုက်မယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း မယ်စကြာဝဠာစင်မြင့်ကို မြန်မာပြည်က ပထမဆုံး ပြန်တက်ရာမှာ ကိုယ်စားပြု ပါဝင်ခဲ့တဲ့ မိုးစက်ဝိုင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကုန်ပစ္စည်း ကြော်ငြာတွေအတွက် ရွေးချယ်လာကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။


ဆက်စပ်

http://blog.irrawaddy.org/2013/11/blog-post_1533.html

http://www.irrawaddy.org/interview/gymnast-beauty-queen.html

http://burma.irrawaddy.org/entertainment/2013/11/11/50771.html


.

1 comments :

  1. Anonymous said... :

    ကြော်ညာမှာပေါ့ သူ့ အဖေ ပိုင်တဲ့ Company ပဲလေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved