ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရွှေပြည်တော်မျှော်တိုင်းဝေး

Thursday, November 14, 2013

~


  ဘန်ကောက်မြို့မှာ ၂ ပတ်ကြာ ဆူဆူညံညံ ဆန္ဒပြမှုအပြီးမှာတော့ အဖြေတခု ရှင်းရှင်းလင်းလင်း ထွက်လာပါပြီ - အဲဒါကတော့ -
ပြည်ပမှာ တိမ်းရှောင်နေရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်တော်ပြန်ရေးက ချက်ချင်း ဖြစ်လာဦးမယ်မဟုတ်ဘူး ဆိုတာပါပဲ။


ဘန်ကောက် ဆန္ဒပြမှု မြင်ကွင်းတခု (Photo: Reuters / Damir Sagolj)

မစ္စတာသက်ဆင် ပြည်ပရောက်နေတာ ၅ နှစ် ရှိပါပြီ။
သူ့နှမ ၀န်ကြီးချုပ်ဖြစ်လာတာလည်း ၂ နှစ် ရှိပါပြီ။
မစ္စတာသက်ဆင် ၀န်ကြီးချုပ် တာဝန် ယူထားစဉ် ၂၀၀၈ ခုနှစ် ပြည်ပခရီးထွက်နေချိန်မှာ
စစ်တပ်က အာဏာသိမ်း လိုက်တဲ့အတွက်  အာဏာလက်လွှတ်ခဲ့ရသူပါ။ 

သူ ပြည်တော်ပြန်လာရေး လမ်းဖွင့်ပေးမယ့် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေ(ကြမ်း)ကို 
အတည်ပြု ပြဋ္ဌာန်းရေး ကြိုးစားရာက သူ့ကို မနှစ်သက်သူတွေ ဆန္ဒတွေပြ၊ ထိုင်းနိုင်ငံရေး မတည်မငြိမ် ပြန်ဖြစ်ခဲ့တာပါ။
ဒီအကြောင်း အသေးစိတ်ကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာ ဆောင်းပါးတပုဒ် http://burma.irrawaddy.org/opinion/viewpoint/2013/11/11/50765.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

မစ္စတာသက်ဆင်ဆီက ထွက်လာတဲ့ ကြေညာချက်မှာတော့ ... ဒီဥပဒေက ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းအတွက်ပါလို့ ဆိုထားပါတယ်။

သူက ဘယ်လိုပဲဆိုဆို... ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြီးအကျယ်ဆန္ဒပြသူတွေက သူ့နှမ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖြိုချရေးကိုပါ ရည်ရွယ်ခဲ့ပါတယ် တဲ့။

လွှတ်တော်က အဲဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့တဲ့အတွက် နိုင်ငံရေးအကြပ်အတည်းက အလျင်အမြန်ပဲ ပြန်အဆင်ပြေသွားပုံပါပဲ။

ပြည်သူလူထုကို အတင်းအကျပ် လက်ခံဖို့လုပ်ရင်းက ဘယ်လို သင်ခန်းစာ ရတယ်ဆိုတာကို အာဏာရပါတီ Pheu Thai ဟာ အခုလောက်ဆိုရင် သိလောက်ပြီ လို့ အကဲခတ်တဦးက ဆိုပါတယ်။

လွှတ်တော်က အဲဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့တဲ့အတွက် မစ္စတာသက်ဆင် မကြာခင် ပြည်တော်ပြန်ရေး မျှော်လင့်ချက်တွေ ထိခိုက်သွားတယ် လို့  အကဲခတ် အများအပြားက ယူဆကြတာပါ။

ဒီအခြေအနေကြောင့် မစ္စတာသက်ဆင် ခပ်သျှိုသျှို နေသင့်တယ်လို့ ပါမောက္ခတယောက်က သုံးသပ်ပါတယ်။ သို့သော်လည်း မစ္စတာသက်ဆင်ဟာ ထိုင်းနိုင်ငံရေးမှာ ထူးထူးခြားခြား ဆက်ရှိနေဦးမယ်လို့ သူက ဆိုပါတယ်။

နောက်တယောက်ကလည်း ... မစ္စတာသက်ဆင်ကိုသစ္စာခံတဲ့ လက်ရှိ အာဏာရပါတီဟာ ထောက်ခံမှုတွေ ဆက်ရမယ်၊ ရွေးကောက်ပွဲလုပ်တဲ့အခါမှာလည်း နိုင်ဦးမှာပဲ လို့ ဆိုပါတယ်။

အပြည့်အစုံကို Homecoming Still Out of Ousted Thai leader’s Reach မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
လင့်က http://www.irrawaddy.org/asia/homecoming-still-ousted-thai-leaders-reach.html ဖြစ်ပါတယ်။



.
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved