ဘီလ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Thursday, November 14, 2013

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကလင်တန် ဖောင်ဒေးရှင် တည်ထောင်သူ အမေရိကန်သမ္မတဟောင်း မစ္စတာ ဘီလ်ကလင်တန်နဲ့ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံခဲ့ကြပါတယ်။ 

ဘီလ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဆန်နီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဘီလ် ကလင်တန်တို့ အဖွဲ့ဟာ နေ့လယ် ၂ နာရီကနေ ညနေ ၃ နာရီထိ  စကားလက်ဆုံကြခဲ့ကြပြီး ဆွေးနွေးပြောဆိုချက် အသေးစိပ်ကိုတော့ မသိရသေးပါဘူး။ 
  
အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတဖြစ်ခဲ့သူ မစ္စတာ ဘီလ်ကလင်တန်ဟာ ဒီကနေ့ ညနေ ပိုင်းက နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းမှုမှာ နိုင်ငံရဲ့ သြဇာကြီးသူတို့ရဲ့ အခန်းကဏ္ဍအကြောင်း  "The Role of Statesmen in Politics and Political Transition" နဲ့ လက်ရှိ မြန်မာနိုင်ငံရေး အသွင်ကူးပြောင်း မှုအပေါ် သူ့အမြင်တွေကိုလည်း မြန်မာငြိမ်းချမ်းရေး စင်တာမှာ တက်ရောက်လာတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်က ပုဂ္ဂိုလ်တွေကို ပြောဆိုသွားပါသေးတယ်။ 

အားလုံးပါဝင်ပြီး အလျှင်အမြန် အပြောင်းအလဲတွေဖြစ်တတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုမှာ ဘယ်လို စိန်ခေါ် မှုတွေ ရှိတယ်ဆိုတာနဲ့ အရပ်သား စိတ်ဓာတ်အပြည့်ရှိတဲ့ နိုင်ငံရဲ့ သြဇာကြီးသူလူပုဂ္ဂိုလ်တို့ဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းမှာ အလွန်လိုအပ်တဲ့အကြောင်းလည်း သူက ဟောပြောသွားခဲ့ပါတယ်။ 








အိမ့်သံစဉ် ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved