ဒီနေ့ထွက်တဲ့ဂျာနယ်များထဲမှာ ဆွဲဆောင်မှုအရှိဆုံးက 7Day ဂျာနယ် ဖြစ်ပါလိမ့်မယ်။
သတင်းထောက် အေးသူစံ ရေးသားတဲ့ "သမ္မတ၏အမျိုးသမီးကိုယ်ရံတော်" ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးနဲ့ဓာတ်ပုံကြောင့် စာဖတ်သူ အများအပြား ဒီဂျာနယ်ကို ကောက်ကိုင်မိကြပါလိမ့်မယ်။
![](http://4.bp.blogspot.com/-rq1WikXPx1Q/Uox2RaRGhBI/AAAAAAAAogA/XTnJDZvoFOg/s1600/-+-+-+10+1n3%290w33eee2d+%28Custom%29.jpg)
(အထူးတပ်ဖွဲ့ Special Task Force ရဲ့ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပို့ချနေတဲ့ ဒုရဲအုပ် ဒေါ်ဇာဇာအောင်ရဲ့ပုံကို ဂျာနယ်မျက်နှာဖုံးမှာ အခုလို တွေ့ရပါတယ်)
ကိုယ်ရံတော်အမည်က ဒုရဲအုပ် ဒေါ်ဇာဇာအောင်။ ၂၀၀၃ မုံရွာတက္ကသိုလ် သမိုင်းအဓိကနဲ့ ဘွဲ့ရ။
သင်တန်းမှာ အကောင်းဆုံးသင်တန်းသား၊ သေနတ်ပစ် လက်အဖြောင့်ဆုံး။
အထူးတပ်ဖွဲ့ဝင် ၂ဝဝ ထဲက ဆန်ခါတင်ရွေးချယ်ထားတဲ့ သမ္မတလုံခြုံရေးအရာရှိများထဲက အမျိုးသမီး ၄ ဦးထဲမှာ သူက တယောက်အပါအ၀င် ဖြစ်တယ်၊ ဦးသိန်းစိန် သမ္မတရာထူးရကတည်းက ကိုယ်ရံတော်တာဝန် ထမ်းခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ပိန်ပိန်သွယ်သွယ် သာမန်အရပ်သူ လို့ ထင်ရပေမယ့် ယောက်ျားကြီးငါးယောက်လောက်ကို တပြိုင်နက် လှဲသတ်နိုင်တဲ့အထိ အသတ်အပုတ်ကျွမ်းကျင်ကြောင်း ညွှန်းထားပါတယ်။
ဆောင်းပါးရှင် သတင်းထောက် အေးသူစံရဲ့ ဒီမျက်နှာဖုံးဆောင်းပါးကို စာဖတ်သူ အများအပြားက သဘောကျနေကြပါတယ်။
.
ဆောင်းပါးထဲမှာ ဘကြီးက(ဦးသိန်းစိန်) ကျွန်မတို့ကို တစ်လ၃၀၀၀၀ကျပ်ပေးတယ် အဲ့ဒါကို သုံးပြီးကျန်တဲ့ လစာအကုန်အိမ်ကို ပို့တယ်ဆိုတာတွေ့ မိတော့ ဦးသိန်းစိန်ရဲ့ စေတနာရော သူ့မှာငွေမပေါတာရောကို တစ်ပြိုင်တည်း ခံစားလို့ ရသလို အစိုးရ၀န်ထမ်းတွေကိုလည်း သနားမိတယ်။ ဖြေသိမ့်ရတာတော့ သူ့ဘကြီးရော သူရော ပျော်နေရင် ပြီးတာပါပဲပေါ့။