ဦးတေဇ၊ သူရိယနေဝန်းဂျာနယ် နဲ့ စာဖတ်သူအမြင်တချို့

Sunday, November 24, 2013

~

 

 လူအများ စိတ်ဝင်စားနေတဲ့ သူရိယနေဝန်းဂျာနယ်မှာ ပါဝင်တဲ့ အရေးအသားတွေကြောင့် ဥပဒေကြောင်းအရ ရင်ဆိုင်မယ်၊ တရားစွဲမယ်လို့ လုပ်ငန်းရှင်ဦးတေဇရဲ့ တုံ့ပြန်ချက်ကို ဖတ်ပြီး စာဖတ်သူတွေက မှတ်ချက်အမျိုးမျိုး ပေးနေကြပါတယ်။


၂၀၀၇ နှစ်ကုန်ပိုင်းကတွေ့ရသော ဦးတေဇ နှင့် သားနှစ်ဦး (ဓာတ်ပုံ- ဧရာဝတီ)
စာဖတ်သူတို့ရဲ့ မှတ်ချက်တွေကို ကြည့်ရင် ဒီဖြစ်ရပ်အပေါ် အမြင်မတူမှုတွေ ရှိနေတယ် ဆိုတာ အထင်အရှား တွေ့မြင်ရပါလိမ့်မယ်။ ဧရာဝတီ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ခဲ့တဲ့ မှတ်ချက်များထဲက တချို့ကို မူရင်းသတ်ပုံအတိုင်း ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူရိနေဝန်းလိုပြောရဲ ဆိုရဲတဲ့ဂျာနယ်မရှိခဲ့လို တိုင်းပြည်ကို သူတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခဲ့ကြတာ... မီဒီယာကျင့်ဝတ် မညီဘူးပြောတဲ့သူတွေ အစိုးရသတင်းစာတွေမှာဒေါ်စုကို မိုက်မိုက်ရိုင်းရိုင်းရေးခဲ့တုန်းက ခင်ဗျားတို့တွေဘာကြောင့် အသံမထွက်ခဲ့ကြတာလဲ???
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 စွဲသင့်တယ် ဒါမှ မဟုတ်မမှန်တာတွေ မ ရေးရဲတော့ မှာ ဒင်းတို့ ကဒီမိုက ရေစီ အ ကြောင်းပြု ပြီး သူတို့ ဂျာနယ်ရောင်းကောင်း အောင် လုပ်နေတာ လူဆိုတာသိက္ခာ နဲ့ နေတာ သူတို့ အတွက်အနင်းခံလှေခါးထစ်မဟုတ်ဘူး

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

ကျင့်ဝတ် ဆို တာ လုပ် ငန်း အာ လုံး မှာ ရှိ တယ်...တိုင်း ပြည် ကို ဖျက် ဆီး ခဲ့ တာ က ကော ဘာ ကျင့် ၀တ် နဲ့ လဲ....ဘာ ဗ မာ လူ မျိုး မို့ လို့ ကြည့် ရ မှာ လဲ...လုပ် ခဲ့ ရင် ခံ ရ ဖို့ တာ ပြင် ထား ..အဲ ဒါ လော က ဓံ တ ရား...မှတ် ထား.... သူ ရိ ယ နေ ဝန်း သ တင်း စား အ များ ပိုင် လုပ် ရင် ရှယ် ယာ ၀င် မယ်...။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
ဦးတေဇ ချမ်းသာတာ တို့တော့ ဝမ်းသာတယ် ကိုယ့်မြန်မာလူမျိုး ဖြစ်နေလို့ပါ ကျောက်စိမ်းတို့ ကျွန်းသစ်တို့ ဘိန်းတို့လုပ်ပြီး မန်းမြို့ကို သိမ်းထားတဲ့ တရုတ်ကုလားကို ဖော်ထုတ်ရေးပါလား ကိုမိုးဟိန်း မျိုးချစ်စိတ်ဓာတ် သိပ်ထက်သန်နေရင် ဂျာနယ်ရောင်းကောင်းတော့ ကိုယ့်လူမျိုးအချင်းချင်း သိက္ခာမချသင့်ပါ


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
မီဒီယာကျင့်ဝတ်ဆိုတာဘာတစ်ခုမှမရှိဘူး ရေးထားတဲ့စာတွေကလဲ စာဖတ်သူပရိတ်သတ်တွေအတွက် ဘာတစ်ခုမှ ဗဟုသုတရစေမဲ့ အကြောင်းအရာတွေမပါဘူး ဒီလိုဂျာနယ်မျိုး ပိုက်ဆံအကုန်ခံပြီး ၀ယ်မဖတ်တော့ဘူး လူစိတ်ဝင်စားပြီး ဂျာနယ်ရောင်းအောင်းတတ်အောင်ရေးထားတဲ့ မီဒီယာအရေခြုံတွေပဲ ။ ဘယ်သူဘက်မှမပါပါ စာဖတ်သူတစ်ယောက်အနေနဲ့ ပြောခြင်းဖြစ်ပါတယ်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
ပြောရဲတဲ့လူရှိလို့အကြောင်းစုံသိရတာ ပြည်သူလူထုဒါထက်ပိုသိအောင် ဆက်ပြောပါ


 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


 ဗမာဗမာခြင်း တိုက်ခိုက်၊ အတင်းတုပ်၊ တလွဲဆန်ပင်ကောင်းတဲ့ အကျင့်တွေ ဗိုလ်ချုပ်ပြောခဲ့တာ ပြန်အောင့်မေ့တယ်။ တကယ်ဆို ဗမာဗမာခြင်း ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုနေတာတွေ ရပ်တန်းက ရပ်သင့်တယ်။ လေးစားမှုမရှိ၊ မစဉ်းစား မဆင်ခြင် ပညာမတတ် အောင်တန်းစား စိတ်ဓါတ်ပိုင်ရှင်တွေ များလာတာနဲ့အမျှ တိုင်းပြည်မတိုးတက်ရင် အစိုးရမကောင်း၊ ခရိုနီမကောင်းလို့ သင်ပေးသမျှ ထိုင်အော်နေတတ်သမျှတော့ ဘယ်တော့မှမတိုးတတ်ဘူး။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
လုပ်ကြစမ်းပါဒီလိုပွဲမျိုးစောင်နေတာကြာပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 ခိုင်လုံတဲ့အထောက်ထားတွေ နဲ့ တရားပြန်စွဲနိုင်မယ်လို့ မျှော်လင့်ပါတယ်.... သူရိယနေ၀န်းဂျာနယ် အနေနဲ့ လဲ.. ရန်စွယ်နဲ့ ငေါငေါ ဖြစ်နေတဲ့ စိတ်တွေ ကို နဲနဲလျော့ သင့်ပါတယ်...
အခုလေးတင်ပဲ အဲ့ဒိပုံနဲ့ ဂျာနယ်ဖတ်လာတာပါ အထဲမှာ တော်တော်ကို ဖွထားပါတယ်... မီဒိယာမှန်ရင် အကြောင်းကိစ္စ အားလုံးအတွက် ပြည်သူ့လူထုကို အမှန်အတိုင်း ရေးပါ ချပြပါ..... ဒီဂျာနယ်ရေးထားတာ တဖက်သားကိုတော်တော် ထိခိုက်စေပါတယ်...... တရားဆွဲပါ အားပေးတယ်...


 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
မိုး ဟိန်း က လည်း အ စွယ် ချွန် လို့  နယ် ကျွံ လာ တာ နေ မှာ ပေါ့  န ဂို က တည်း က ခ ရို နီ တိုက် ဖြတ် မယ် လို့  ကြွေး ကျော် ပြီး ဝင် လာ တဲ့  ဂျာ နယ် ဘဲ လေ အား ပေး နေ မယ် သူ ရိ ယ နေ ဝန်း ရေ


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 



.

9 comments :

  1. Anonymous said... :

    ကျွန်တော်ရေးတဲ့ comment လေးတွေတော့ ပါမလာပါလား ဧရာဝတီခင်ဗျာ။ ခင်ဗျားလည်း တစ်ဖက်စောင်းနင်း ဆန်သလိုလိုရှိတယ်နော်။

  1. Htun San said... :

    မြန်မာပဲဖြစ်စေ တရုတ်ပဲဖြစ်စေ ကုလားပဲဖြစ်စေ မဟုတ်တာလုပ် ရင်တော့
    အ ရေးယူရမှာပဲလေ။ဥပ ဒေအထက်မှာ
    ဘယ်လူမျိုးမှမရှိရပါဘူး။

  1. Anonymous said... :

    ပွဲကတော့ စောင့်ကြည့်ရမှာပဲ ဘယ်သူဘယ်လောက်မှန်သလဲ ဆိုတာရယ် တရားရေးမန်တိုင် ဘယ်လောက်တည့်မတ်သလဲ ဆိုတာတော့ အဖြူရောင်ပီတ်ကားပေါ်မှာ ဆက်စောင့်ကြည့်ရမှာပေါ့.....

  1. Anonymous said... :

    အောင်မြင် ပြီးကျ ဆုးံ ခရိုနီ

  1. Anonymous said... :

    တေဇနာမယ် နောက်ကြောင်းရဇဝင်တွေအကုန်ပေါ်တော့မယ်။

  1. Unknown said... :

    မခံခြင်စိတ်တွေနဲ့ထိုးနှက်နေကြမယ်ဆိုရင်ပွဲပြီးမှာမဟုတ်တော့ဘူးသံယရာလည်နေ အုန်းမှာဘဲလက်ရှိရောက်နေတဲ့နေရာမှာစိတ်ရင်းစေတနာရင်းနဲ့နိုင်ငံအတွက်ဆောင် ရွက်မယ်ဆိုရင်အားလုံးအကျိုးရှိမှာပါ၊ဆင်ခြင်ကြည့်ကြပါ၊စိတ်ထားမှတ်ဖို့တော့အထူး လိုပါတယ်၊ကောက်ကျစ်ရင်တော့ကိုယ့်သမိုင်းကိုယ်ရေးရမှာပါ။

  1. Anonymous said... :

    ခွေးလုံးတာတောင်စိတ်ဝင်စားတတ်တဲ့
    လူတွေအတွက် ဒီဖြစ်ရပ်ဟာ ပွဲကောင်း
    ပေါ့ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင်
    သူ့အထုပ်ကိုယ်ဖြေ ကိုယ့်အထုပ်သူဖြေ
    ကြာတော့အားလုံးပေါ်ပြီးအရှက်ရစရာတွေ
    ဖြစ်ကျန်ခဲ့မယ့် သိက္ခာမဲ့လွန်ဆွဲပွဲပါ။

  1. Unknown said... :

    မှန်ကန်တဲ့တရားစီရင်မှုဖြစ်ပါစေ။

  1. Anonymous said... :

    အခွင့်အရေးကို ရယူတတ်တာ လူတော်ပါ
    ကိုယ်ဆိုရင် သူ့နေရာမှာဆိုရင် ဘယ်လိုနေမလဲ
    မြန်မာလူမျိုးတွေဆင်းရဲနေတာ ဘာ့ကြောင်လဲ
    အရာရာကို မုဒိတာ ပွါးများနိုင်ကြပါစေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved