မြန်မာဆိုင်းဝိုင်းနဲ့ ဂျက်ဇ်ဂီတသမားတို့ရဲ့ ပူးတွဲတင်ဆက်မှု

Sunday, November 10, 2013


~


မြန်မာဆိုင်းဝိုင်းနဲ့ အနောက်တိုင်း ဂျက်ဇ်ဂီတတို့ ပူးတွဲတင်ဆက်မှုကို လာမယ့် ကြာသပတေးနေ့ ရန်ကုန်မြို့မှာ ခံစားရပါလိမ့်မယ်။ နေရာက   ပြင်သစ်သံရုံးရဲ့ ယဉ်ကျေးမှုဌာနမှာပါ။



  ပြင်သစ်ယဉ်ကျေးမှုဌာန
လိပ်စာက အမှတ် ၃၄၀ ပြည်လမ်း၊ စမ်းချောင်းမြို့နယ် ဖြစ်ပါတယ်။
မြန်မာဆိုင်းဝိုင်းနဲ့  ဂျက်ဇ်ဂီတသံကို တပြိုင်နက် ကြားရမယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ ယူဆရပါတယ်။

မတူညီတဲ့ ဂီတအမျိုးအစားနှစ်ခု ပူးတွဲ တင်ဆက်မှု၊ သီးခြားစီ တင်ဆက်မှုတို့ကို စိတ်ဝင်စားသူများအတွက်
  ပြင်သစ်ယဉ်ကျေးမှုဌာနဆီက ရရှိတဲ့  အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။


  သူက သီချင်းကြီး၊ သီချင်းခန့်၊ ဒါ့အပြင်ရော့ခ်နှင့်ဂျာ့ဇ်တို့ကိုလည်း ကြိုက်တယ်။ အနုပညာ ကျောင်းတက်တုန်းက Miles Davis ရဲ့ သံစဉ်တွေကို လေ့လာ တွေ့ရှိပြီး ဂျာ့ဇ်ဘက်ကို အလေးသာလိုက်သေးတယ်။

Miles Davis  ကပဲ သူ့ရဲ့အကြိုက် ဂီတ အမျိုးအစားတွေကို ခေတ်နဲ့ လိုက်လျောညီထွေရှိအောင် ပြောင်းလဲပေးခဲ့တယ်။ 
သူ့ဆရာအတိုင်းပဲ Erik Truffaz ဟာ ဂီတအမျိုးအစားတစ်ခုတည်းနဲ့ အနုပညာကို ဘောင်ခတ် မထားချင်ဘူး။  ရလဒ်ကတော့ ထရမ်းပက်လေမှုတ်တူရိယာ တစ်မျိုးရဲ့သံစဉ်ဟာ ဂျာ့ဇ်ဂီတမှာတင်ရပ်တန့်မသွားဘဲဟစ်ပ်ဟော့တို့၊  အီလက်ထရိုတို့၊ ရော့ခ်စသည်တို့နဲ့ပါ လွင့်မျောပျံ့လွှင့်ထွက်ပေါ်လာပါတယ်။

Erik Truffaz အဖွဲ့ဟာ ဟိန်းတင့်ဆိုင်းဝိုင်းနဲ့အတူလည်း တွဲဖက်ဖျော်ဖြေပါဦးမယ်။

မြန်မာဂီတနယ်ပယ်မှသီချင်းကြီး၊ သီချင်းခန့်များကို အနုပညာမြောက်စွာတီးခတ်ကြမယ့်အပြင် ဘိုးဘွားဘီဘင်ခေတ်က အံ့မခန်းမြန်မာ့ရိုးရာဂီတများကိုလည်း သံစဉ်သစ်များဖြင့် ပြန်လည်ဖော်ထုတ်တင်ဆက်သွားမှာဖြစ်ပါတယ်။

LIVE MUSIC IN YANGON

In a great garden, fresh air, great music, nice people...and free concert! 

COME AND ENJOY JAZZ MUSIC

At Institut Francais de Birmanie 14 November 2013


 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved