~
ထိုင်းမှာပြုလုပ်နေတဲ့ နိုင်ငံတကာမယ်ပြိုင်ပွဲအတွင်း ရေကူးဝတ်စုံ အလှဆုံး ၀တ်ဆင်ပြသနိုင်သူ အယောက် ၂၀ စာရင်း ထွက်လာပါပြီ။ စာရင်းမှာ မြန်မာအမည်ကို မတွေ့ရပါ။
ဒီကနေ့ အဲဒီထဲက ၁၀ ယောက်ကို ထပ်ရွေးပါမယ် တဲ့။
ပြိုင်ပွဲ အမည်က Miss Grand International 2013 ဖြစ်ပါတယ်။ မြန်မာပြည်ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်သူက မထားထက်ထက် ဖြစ်ပါတယ်။မထားထက်ထက်က ရေကူးဝတ်စုံ အလှဆုံး ၀တ်ဆင်ပြသနိုင်သူ အယောက် ၂၀ စာရင်းထဲ မပါပေမယ့် ဟိုတနေ့က ပြိုင်ပွဲအတွင်း ရိုးရာဝတ်စုံကို အကောင်းဆုံး ဆင်ယင်ပြသနိုင်သူထဲမှာတော့ ပါဝင်ခဲ့သူပါ။ ဒီအကြောင်း ဒီဘလော့မှာ ရေးထားတာကို http://blog.irrawaddy.org/2013/11/best-national-costume.html မှာ ပြန်လည် ဖတ်နိုင်ပါတယ်။
ရေကူးဝတ်စုံနဲ့ လှပဖို့အခြေအနေ မပေးခဲ့ပေမယ့်လည်း တခြားဆုတွေ နဲ့ သရဖူကို ဆက်လက် မျှော်မှန်းနိုင်ပါသေးတယ်။
သူ့အကြောင်းကို
ထားထက်ထက် ကချင်ဝတ်စုံဆန်းနဲ့ ဘန်ကောက်မှာပွဲထွက်
http://blog.irrawaddy.org/2013/11/blog-post_2778.html
ဘန်ကောက် နိုင်ငံတကာမယ်ပြိုင်ပွဲဝင်မယ့် ထားထက်ထက်
http://blog.irrawaddy.org/2013/10/blog-post_15.html
ဆိုပြီး ဒီဘလော့မှာ ရေးသားခဲ့ပြီးပါပြီ။
သူက ပြိုင်ပွဲမှာ ကမ္ဘာကျော်သီချင်းကို စောင်းတီးပြီး အစွမ်းပြမယ့်အကြောင်းကိုလည်း http://blog.irrawaddy.org/2013/10/blog-post_896.html မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
မယ်စကြာဝဠာပွဲတက်ခဲ့တဲ့ မိုးစက်ဝိုင်က ပရိသတ်အာရုံစိုက်မှု အများအပြား ရနေပေမယ့် ပြိုင်ပွဲငယ်ဖြစ်တဲ့ ထိုင်းနိုင်ငံကပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မထားထက်ထက်ကိုတော့ ပရိသတ်အာရုံစိုက်မှု နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်။
.

0 comments :
Post a Comment