ရွှေတိဂုံက တရုတ်ပြည် သာသနာပြု ကြွချီမယ့် အပူဇော်ခံများ

Friday, November 29, 2013

တရုတ်နိုင်ငံ၊ လော့ယန်မြို့တွင် တည်ထားကိုးကွယ်မယ့် ရွှေတိဂုံစေတီ ပုံစံတူစေတီငယ်အတွက် ထီးတော်၊ စိန်ဖူးတော်နဲ့ ဆင်းတုတော်တွေကို ရွှေတိဂုံစေတီတော်ရှိ အောင်မြေအနီးတွင် ပူဇော်ထားရှိထားပါတယ်။ 



(ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ) 

တရုတ်နိုင်ငံတွင် သာသနာပြန့်ပွားစေရေး ရည်ရွယ်ချက်နဲ့ တည်ထား ကိုးကွယ်မယ့် ဥာဏ်တော် (၁၀၈) တောင် မြင့်တဲ့ စေတီတည်ဆောက်မှာပါ။ 

အဲဒီ စေတီတော်ကြီးအတွက် ထီးတော် ကိုးဆင့်၊ စိန်ဖူးတော်၊ ရတနာစီချယ်ထားသော ငှက် မြတ်နားတော်
နဲ့ စေတီတော် မုဒ် လေးမုဒ်တွင် တည်ထားကိုးကွယ်မယ့် ကျောက်စိမ်း ဆင်းတုတော် ၊ စကျင် ဆင်းတု
တော် ၊ ကြေး ဆင်းတုတော် ၊ သစ်သား ဆင်းတုတော် တို့ကိုလည်း အခု ပူဇော်ထားရှိထားပါတယ်။ 

အဆိုပါ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ဆင်းတုတော် ၄ ဆူကို ဒီဇင်ဘာလဆန်းပိုင်း တွင် တရုတ်နိုင်ငံသို့ ပင့်ဆောင်ပူဇော်မယ်လို့ သိရပါတယ်။ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved