စင်္ကာပူမှာ ကျောင်းတက်ဖို့ မော်လမြိုင်မှာ ကြော်ငြာ

Thursday, November 7, 2013

~


 

မော်လမြိုင်မြို့လယ်တနေရာက လမ်းဘေးဆိုင်းဘုတ်ကြီးမှာ ရေးထားတာက ... စင်ကာပူမှာ ကျောင်းတက်ပါ တဲ့။
 



study abroad information centre ဆိုတာကတော့  ပြည်ပထွက် ကျောင်းတက်လိုသူများ စုံစမ်းမေးမြန်းသင့်တဲ့ဌာန ဖြစ်ပါလိမ့်မယ်။

စင်္ကာပူ ဒေါ်လာ ၂,ဝဝဝ လို့ ဆိုထားပါတယ်။
ဒီနှစ်ထောင်က ဘာအတွက်လဲ၊ ကျောင်းဝင်ခွင့်အတွက်လား၊ စုံစမ်းကြည့်လိုတယ် ဆိုရင်တော့ ကြော်ငြာမှာ တွေ့ရတဲ့ study abroad information centre ကို ဆက်သွယ်ရင် အသေးစိတ် သိရဖွယ်ရှိပါတယ်။

ကြော်ငြာမှာ တွေ့ရတဲ့ နံပါတ်တွေကို ခေါ်ကြည့်တော့ အဲဒီ ပညာရေးဝန်ဆောင်မှုဌာနရဲ့ ရန်ကုန်ရုံးနံပါတ်များ ဖြစ်တယ်လို့ သဘောပေါက်ရပါတယ်။

တိုးတက်လာမယ့် အနာဂတ်အတွက် သင် အဆင်သင့်ဖြစ်ပြီလား
လို့ ကြော်ငြာမှာ မေးခွန်းထုတ်ထားတာ တွေ့ပါလိမ့်မယ်။

အာရှရဲ့  ထိပ်တန်း တက္ကသိုလ်များထဲမှာ စင်္ကာပူကတက္ကသိုလ်များလည်း ပါဝင်ပါတယ်။
ပညာရေးမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စင်္ကာပူက အိမ်နီးချင်းနိုင်ငံများကို ဒီကဏ္ဍမှာ ခြေတလှမ်းမက ရှေ့က ဦးဆောင်နေတာပါ။

စလုံးမှာ မြန်မာပြည်သား အများအပြား ရောက်ရှိ ပညာသင်နေကြပါတယ်။
ပညာရေးအစီအစဉ်အပြီး ပြည်တော်ပြန်သူများရှိသလို ပြည်ပမှာပဲ ဆက်လက် နေထိုင် လုပ်ကိုင်သူများလည်း ရှိပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်စပ် ဖတ်ရှုသင့်တာကတော့  စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်မှု (၇) ချက်
 http://www.maukkha.org/index.php/feature-article/1786-maukkha-amazing-story-of-singapore ဆိုတာပဲ ဖြစ်ပါတယ်။

မော်လမြိုင်မှာ အထက်က ပုံအတိုင်း ဆိုင်းဘုတ်ကြီးကြီးနဲ့ ကြော်ငြာသလိုမျိုး မြန်မာပြည်က တခြားမြို့တွေမှာလည်း ကြော်ငြာနေမယ်လို့ ယူဆရပါတယ်။ 

ရန်ကုန်က မြေနီကုန်းလမ်းဆုံကနေ ကြည့်ရင် ဒဂုံစင်တာမှာ ဒီကြော်ငြာကိုပဲ ခပ်ကြီးကြီး တွေ့ရမှာပါ။

ပညာရေးဝန်ဆောင်မှုဟာ ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်လာနေပြီ ဆိုတဲ့ သဘောပါပဲ။

ငွေကြေးတတ်နိုင်တယ်ဆိုရင်တော့ ပြည်ပတက္ကသိုလ်တွေမှာ တက်သင့်ပါတယ်။ ဒါမှ မြန်မာလူငယ်များ ခါတိုင်းထက်ပိုပြီး မျက်စိပွင့် နားပွင့်ပါလိမ့်မယ်။

.

1 comments :

  1. Anonymous said... :

    စင်ကာပူမှာ ကျောင်းတက်ဖို့ မော်လမြိုင်မှာ ကြော်ငြာ ဆိုတဲ့ စာကို Commend ပေးချင်ပါတယ်။
    ဒီ Billboard က နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပညာသင်ဆု ရယူလိုတဲ့ သူတွေအတွက်ကို အသိပေးထားတယ်လို့ ထင်ပါတယ်။
    ကျွန်တော် ကိုယ်တိုင်လည်း ဒီ ကြော်ငြာကို ဂျာနယ် တစ်ခုမှာတွေ့လို့ ကျောင်းလျှောက်ဖြစ်ခဲ့တယ်။ Scholarship 2000 လည်းရခဲ့တယ်။
    ကျွန်တော် တို့ရန်ကုန်မှာက ဆက်သွယ်မေးမြန်းရတာ လွယ်ကူပေမယ့် နယ်မှာကျတော့ မလွယ်ဘူးလေ ။ နယ်မှာလည်း ပညာလိုချင်တဲ့ ကျောင်းသားတွေ အများကြီးပဲ သူတို့တွေ လည်း ဒီလို Information သိရတာ ကျေးဇူးတောင် တင်ရအုန်းမယ်။ နေရာကတော့ဗျာ နယ် Billboard Quality က ရန်ကုန်နဲ့တော့ ဘယ်တူပါ့မလဲ။ အဓိကက နေရာထက် ပေးချင်တဲ့ Information က အရေးကြီးတယ်လို့ ထင်တယ်ဗျာ။
    ( Singapore မှ ကျောင်းသား တစ်ဦး)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved