မြန်မာ့စီးပွား မြန်နှုန်းမြင့်မယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်း

Thursday, November 7, 2013

~


  ငွေဖောင်းပွလာတာတွေ ရှိပေမယ့် မြန်မာ့စီးပွားရေးက လာမယ့်နှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာလိမ့်မယ် လို့ ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ အရှေ့တောင်အာရှ နိုင်ငံတွေ ကြားထဲမှာတော့ မြန်နှုန်းအမြင့်ဆုံး ဖြစ်လာပါမယ် တဲ့။

မြစ်တဘက်ကမ်းကနေ တွေ့ရတဲ့ ရန်ကုန်မြို့ စီးပွားရေးရပ်ကွက် (ဓာတ်ပုံ -  Steve Tickner / ဧရာဝတီ)
စွမ်းအင်၊ ပြည်ပပို့ကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေလည်း ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုတွေ ဖြစ်လာမှာပါ လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံရေးရာ အကြီးတန်း စီးပွားရေး ပညာရှင်  Khwima Nthara က ပြောပါတယ်။

ဒါကတော့ ဧရာဝတီစာမျက်နှာမှာ ဖော်ပြထားတဲ့ Burma Economy to Grow 6.8% in 2014: World Bank သတင်းမှာ ရေးထားတဲ့ထဲက အချက်အလက်တွေ ဖြစ်ပါတယ် - အပြည့်အစုံကိုတော့ http://www.irrawaddy.org/business/burma-economy-grow-6-8-2014-world-bank.html မှာ ဖတ်နိုင်ပါတယ်။

ဆက်စပ် -
အာဆီယံ ကုန်သွယ်ရေးတွင် မြန်မာ ခါးချည့်မည်ကို ကမ္ဘာ့ဘဏ် စိုးရိမ်
http://burma.irrawaddy.org/business/2013/10/09/49243.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved