ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ် ထုတ်ပြန်

Wednesday, November 20, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ်ကို NLD ပါတီ ပြန်ကြားရေး ဋ္ဌာနက ထုတ်ပြန်ကြေညာပါတယ်။ 

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၇ ရက်နေ့က တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံရန် ရုံးချုပ်သို့ရောက်လာစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ခရီးစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကိုယ်ရေး အရရှိ ဒေါက်တာဒေါ်တင်မာအောင်၊ ပါတီ ဗဟို ကော်မတီဝင် ဦးသိမ်းဆွေနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ အရာရှိ ဦးမိုးဇော်ဦးတို့ လိုက်ပါကြမှာဖြစ်ပါတယ်။ 

သြစတြေးလျ ခရီးစဉ်အတွင်း Sydney Opera House မှာ ကျင်းပမယ့် တက္ကသိုလ် ၃ ခုက ပူးပေါင်း လုပ်မယ့် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ရှိပြီး ကင်ဘာရာမြို့မှာတော့ သြစတြေးလျနိုင်ငံ 
နိုင်ငံခြားရေး ၀န်ကြီးချုပ် တိုနီအက်ဘော့ အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့ဖို့ ရှိပါတယ်။ 

ဒီအပြင် သြစတြေးလျပါလီမန်ကို သွားဖို့ ရှိပြီး သြစီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။ 

သြစတြေးလျ အမျိုးသား တက္ကသိုလ်နဲ့ တခြားတက္ကသိုလ်တွေမှာလည်း မှာလည်း ပညာရေးဆိုင်ရာ ကိစ္စတွေကို လေ့လာဆွေးနွေးဖို့ ရှိသလို သြစီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျ နိုင်ငံခရီးစဉ်ကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး ထိုနေ့ ညနေပိုင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved