မြန်မာအလှမယ် ထားထက်ထက် Miss Popular Vote ဆု ဆွတ်ခူး

Wednesday, November 20, 2013


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲမှာ Miss Popular Vote  ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထားထက်ထက်က မနေ့ညက ဆွတ်ခူးရရှိသွားပါတယ်။ 

 ဓာတ်ပုံ- Htar Htet Htet

Miss Grand International 2013 ရဲ့နောက်ဆုံး အဆင့် ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ထားထက်ထက်ဟာ Miss Popular Vote Award အတွက် အွန်လိုင်းက မဲပေးမှု အမှတ်ပေါင်း ၈ ထောင်ကျော်နဲ့ အခုလို ဆွတ်ခူးရရှိသွားတာပါ။

ဒီအပြင် ထားထက်ထက်ဟာ Miss Grand International 2013 ပြိုင်ပွဲရဲ့ Final မှာ Top 20 စာရင်းဝင် ဖြစ်နေပါပြီ။

အခုလို Miss Popular Vote ဆု ရရှိတာနဲ့ ပတ်သက်ပြီး ထားထက်ထက်က သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးထားပါတယ်။ 

“ထားထက်ထက် အရမ်းတန်ဖိုးထားရတဲ့ မိဘပြည်သူပရိသတ်ကြီးကပေးတဲ့ Miss Popular Vote ဆုကို မိဘပြည်သူ ပရိသတ်ကြီးကြောင့် ရရှိခဲ့ပါပြီရှင်....ထားထက်ထက် Top 20 ထဲဝင်ခဲ့ပြီး Top 10 ထဲကို မဝင်ခဲ့တဲ့အတွက် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်ရှင်.....ကိုယ်တိုင်လာရောက် အားပေးကြတဲ့ သူတွေ
ရော online မှအားပေးကြသူများရော channel 7 မှအားပေးနေကြသူများ အားလုံးကို ထားထက်ထက် အရမ်း အရမ်း အရမ်းကြီးကိုကျေးဇူးတင်ပါတယ်ရှင်...Top 10 ထဲ မဝင် ခဲ့ပေမယ့် ပြိုင်ပွဲတိုင်းမှာ ထားထက်ထက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့တာကို ကြည့်ရှုခဲ့ရတဲ့ မိဘပြည်သူကြီးများ အားလုံး အားရကျေနပ်မယ်လို့ထင်ပါတယ်ရှင်” လို့ ဆိုပါတယ်။ 

Miss Grand International 2013 သရဖူကိုတော့ Puerto rico နိုင်ငံက Miss Janelee Marcus Chaparro က ဆွပ်ခူးရရှိသွားတာပါ။ 

1st Runner up ကို Dominican Republic၊ 2nd Runner up ကို Slovak Republic၊ 3rd Runner up ကို Philippines နဲ့ 4th Runner up ကို Australia နိုင်ငံက အလှမယ်တွေက ရရှိသွားခဲ့ပါတယ်။ 

Best National Costume ကို တရုတ်နိုင်ငံက အလှမယ်က ရရှိပြီး Best Swimsuit ဆုကို "Latvia" နိုင်ငံက အလှမယ် ရရှိကာ Best Evening grown ဆုကို " Dominican Republic "က အလှမယ်က ရရှိသွားကြပါတယ်။ 



အိမ့်သံစဉ် ~



.
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved