နိုင်ငံရေးအကျဉ်းသားကို အရာရှိမင်းတို့က သြ၀ါဒစကား ပြောကြား

Thursday, November 21, 2013

~
 

အစိုးရမင်းများ ဆုံးမ သြ၀ါဒစကား ပြောကြားရတာကို အင်မတန် နှစ်သက်ကြဟန်တူပါတယ်။
 



ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာ (စာ ၁၉) မှာ ဒိစတြိတ်အဆင့် အရာရှိမင်းတို့က စစ်တွေထောင်မှာ နိုင်ငံရေးအကျဉ်းသား ၉ ဦးကို ဆုံးမ သြ၀ါဒစကား ပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တယ်လို့ ရေးထားပါတယ်။

ဘယ်လိုမျိုး ဆုံးမစကား ပြောသလဲ ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။

နောက်ထပ်မတွေ့ချင်ဘူး ဆိုတဲ့စကားများလား။ ဒါကတော့ နှစ်ဘက်စလုံး အပြန်အလှန်ပြောသင့်တဲ့စကားပါ။

အစိုးရက အလွှတ်ပြချင်နေတာ၊ အဖမ်းခံရမယ့်အလုပ်တွေ သိပ်မလုပ်နဲ့၊ ဝဝစား၊ ဝေးဝေးရှောင်၊ ဝင်မရှုပ်နဲ့၊ ဝီသံကြားရင် ဝပ် ဆိုပြီး ဆုံးမသလား။

အပြင်ရောက်ရင် အထဲမှာဖြစ်တာတွေ အာမချောင်နဲ့၊ မင်းတို့ အချိန်မရွေး ဒီထဲ ပြန်ရောက်လာနိုင်တယ်လို့ ခြိမ်းခြောက်တာလား။

အရာရှိမင်းတွေဆိုတော့ အရာရှိစရိုက်ကို ဖျောက်လို့မရသေးတာလည်း ဖြစ်နိုင်ပါတယ်လို့ ပြောရင် အဆိုးမြင်တယ် ဖြစ်နေအုံးမယ်။

ခေတ်ပြောင်းလာပြီပဲ၊ ရှေးခေတ်ကဆိုရင် ဒီလူကြီးတွေကို လက်အုပ်ချီ၊ ဘုရားထူးရမှာလို့ အကောင်းမြင်ရင် ပိုသင့်တော်မယ်လို့ ဆိုရမယ် ထင်ပါတယ်။







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved