ကလေးအခွင့်အရေးများနေ့

Thursday, November 21, 2013


~


စစ်ဖြစ် ပဋိပက္ခဖြစ်တဲ့ မြို့ရွာတွေမှာ ကလေးတွေ  ကျောင်းမတက်ရဘူး၊ ငြိမ်းချမ်းတဲ့မြို့ကြီးပြကြီးတွေမှာတော့ ကျောင်းတက်ရတယ်၊ ကျောင်းချိန်ပြီးတာနဲ့ ကျူရှင်တွေကို သွားရတယ် - ကစားချိန် မရှိတော့ဘူး စသဖြင့် စသဖြင့်တို့က ဒီကနေ့ မြန်မာပြည်မှာ ကလေးအများအပြား ကြုံတွေ့နေရတဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေပါ။


ကလေးအခွင့်အရေး အကြောင်း ပြောမယ်ဆိုရင် အများအပြားပါပဲ။

အသက်မပြည့်သေးသူတွေကို လူကြီးတွေလို ခိုင်းစေတာ သို့မဟုတ် လုပ်ငန်းခွင်ထဲမှာ
တနေကုန် တာဝန်ပေးတာ၊ လက်နက်ကိုင်အဖွဲ့ထဲ ရောက်နေတာတို့ကို ထင်ထင်ရှားရှား မြင်ခဲ့ရမှာပါ။

ဒေါသအလျောက်ရိုက်လိုက်တာ၊ စိတ်မရှည်တဲ့အတွက် ခေါင်းခေါက် ရိုက်ပုတ်လိုက်တာတွေကိုလည်း မြင်ဖူးကြပါလိမ့်မယ်။

ကလေးအခွင့်အရေး အကြောင်းကို အများတကာ အာရုံစိုက်စေဖို့ အသိအမှတ်ပြုစေဖို့ အထိမ်းအမှတ်နေ့ သတ်မှတ်ပေးတာ၊ အခမ်းအနား ကျင်းပပေးတာတွေဟာ အင်မတန် လုပ်သင့်လုပ်ထိုက်ပါတယ်။
ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးများနေ့  အခမ်းအနားကို မနေ့က ရန်ကုန်မြို့မှာလည်း ကျင်းပခဲ့ပါတယ်။
 
သာကေတ မြို့နယ်မှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ပြည်ထောင်စုခန်းမှာ ပြုလုပ်တဲ့ အခမ်းအနားကို  ကလေးသူငယ်များစွာ လာရောက်ခဲ့ကြ၊
တေးသီချင်း သီဆိုဖျော်ဖြေမှုများအပါအ၀င် ပျော်ရွင်စရာ ကစားနည်းများ၊ ဥာဏ်စမ်းကစားနည်းများကို  နံနက် (၈) နာရီမှ ညနေ (၅) နာရီ အထိ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခဲ့ကြပါတယ်။

အခမ်းအနားမှာ ကလေးသူငယ်များ အတွက် အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊  ပိုစတာများ ချိတ်ဆွဲပြသခြင်း၊ ကလေးသူငယ်များရဲ့
နေထိုင်မှုပုံစံ ဓာတ်ပုံများ ပြသခြင်း စတဲ့ အစီအစဉ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။  (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved