ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲ

Thursday, November 28, 2013

ဦးမြတ်ခိုင်ရေးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်နှင့်အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ကရ၀ိတ် နန်းတော်မှာ ဒီကနေ့ နိုဝင်ဘာ၂၈ ရက်နေ့က ပြုလုပ်ပါတယ်။ 


ဦးမြတ်ခိုင်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးခင်ညွန့်၊ 
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

အဲဒီ စာအုပ် မိတ်ဆက်ပွဲ ကို စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့်လည်း တက်ရောက်ခဲ့ သလို တနေ့ကမှ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ တချိန်က အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ မြေးတဦးဖြစ် တဲ့ ဦးအေးနေ၀င်းလည်း တက်ရောက်ခဲ့ပါတယ်။ 

အခုလို ဦးခင်ညွန့်အနေနဲ့ လူမြင်ကွင်းကို အရင်ကထက် ခပ်စိပ်စိပ်နဲ့ ခြေလှမ်းတွေလှမ်းလာတဲ့အပေါ် စိတ်ဝင်စားစရာအဖြစ်နဲ့ လူတွေက ပြောဆိုနေသံတွေလည်း ထပ်မံ ကျယ်လောင်လာနေပြန်ပါတယ်။ 



ဇာတ်လမ်းတော့ ပြန်စနေပြီလို့ ဆိုသူဆို၊ ရာဇဝင်ထဲက အဘကို ရာဇဝင်ထဲမှာပဲ ထားခဲ့ပါ ဦးမြတ်ခိုင်ရေ လို့ ဆိုသူတွေ ရှိကြပါတယ်။ ဦးခင်ညွှန့်ကတော့ မီဒီယာတွေနဲ့ တရင်းတနှီးတချိန်တုန်းက အပြုံးတွေ ပြန်ဖော်ပြ လာတာ သတိထားမိပါတယ်။ 

တလောကပဲ မြန်မာ့နိုင်ငံရေးထဲ ဦးခင်ညွှန့်တယောက် ခြေချဖို့ ပြင်ဆင်မှုတွေ ရှိနေပြီလို့ ကောလဟာလ
တွေလည်း ထွက်ခဲ့ပါသေးတယ်။ တခါ ဦးခင်ညွှန့်က တိုင်းပြည်အတွက် သူ့မှာ အကြံကောင်းတွေ တောင်း ဆိုသူ ရှိလာရင် ပေးဖို့ အဆင်သင့်လို့ ပြောတာတွေလည်း ရှိခဲ့ပါတယ်။  








 ဗိုလ်ချုပ်ကြီးဟောင်း ခင်ညန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးနေဝင်းရဲ့ မြေး၊ အေးနေဝင်း




လင်းသန့် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved