ပြည့်တန်ဆာအကြောင်းဆောင်းပါးနဲ့ အမြင်တချို့

Friday, November 8, 2013

~


  တနေ့က ဧရာဝတီပင်မစာမျက်နှာ http://burma.irrawaddy.org မှာ ရန်ကုန်က ပြည့်တန်ဆာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတပုဒ် တွေ့ခဲ့ရမှာပါ။ 
ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူများရဲ့ တုံ့ပြန်ချက်များထဲက တချို့ကို ဒီဘလော့မှာ စုစည်း ဖော်ပြပေးလိုက်ပါတယ်။


ရန်ကုန်မြို့မှ ညငှက်တချို့ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

မြန်မာပိုင်းမှာ ..

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ
http://burma.irrawaddy.org/article/2013/11/06/50572.html ဆိုပြီး ဆောင်းပါး ဖော်ပြခဲ့ပါတယ်။

အင်္ဂလိပ်ပိုင်းမှာတော့
Rangoon’s Sex Workers Face Unscrupulous Police Force
http://www.irrawaddy.org/burma/rangoons-sex-workers-face-unscrupulous-police-force.html ဆိုပြီး ဖော်ပြခဲ့တာပါ။

ကဲ.... ဆိုခဲ့သလိုပဲ ... စာဖတ်သူအမြင်များထဲက တချို့ကို ကြည့်ကြရအောင်...

  • အကောင်းမြင်တဲ့ အသံတချို့

ဝဋ်ကြွေးတွေပေါ့ မပြောကြပါနဲ့တော့ သူတို့တွေက မကောင်းပေမယ့် လိုအပ်တယ် မဟုတ်ရင် rape case တွေက ပိုများနိုင်တယ်

အလုပ်ကတော့မရှားဘူးပေါ့...ဒါပေမဲ့သူတို့ ပညာအရည်အချင်းနဲ့ လုပ်လို့ ရတဲ့အလုပ်က ၀င်ငွေနည်းလို့ ဖြစ်မှာပေါ့...ကိုယ်ချင်းစာစိတ်နဲ့ ပြောကြပါ...ဘယ်သူမှမိန်းမပျက်ဖြစ်ချင်မှာမဟုတ်ပါဘူး
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း အပျော်မယ်တွေ ရှိတာပဲ။ ဂျပန်မတွေ၊ အမေရိကန်မတွေ ဘာကြောင့် လုပ်စားနေကြလဲ? အလုပ်အကိုင် မရှိလို့လား၊ လုံလောက်တဲ့ လစာ မရကြလို့လား?

ဖာဆိုတာနိုင်ငံတိုင်းမှာရှိတယ်

ဟေ့ လေနဲ့လွယ်လွယ်မပြောကြနဲ့။ ဗမာပြည်မှာတစ်နေ့လုပ်အားဘယ်လောက်ရလို့လဲ။သူတို့လဲဘယ်လိုအပြောခံချင်မလဲ။ ကိုယ်ချင်းစာပါ။

သူ့အလုပ်သူလုပ်ပါစေကို့အလုပ်ကိုပြန်လုပ်ပါ

  • အဆိုးမြင်တယ်လို့ ဆိုနိုင်တဲ့ အသံတွေထဲက တချို့

 တခြားနည်းနဲ့ရှာလို့ရပါတယ် လူမသေ ငွေမရှား သူတို့ ကိုယ်တိုင်က စိတ်ပါလို့ပါဗျာ..

 ဒီဟာမတွေ ပြောတဲ့ ပုံပြင်တွေ ယုံကြလား ... အားလုံးက လွယ်လွယ်နဲ့ငွေရလို့ လုပ်နေကြတာ.. သနားအောင်လျှောက်ပြောတာကို ယုံကြတယ်ပေါ့ ..
 မင်းတို့တွေရှာတဲ့ပိုတ်ဆံကမင်းတို့အလှပြင်တာနဲ့ကုန်တာပါပဲကွာ

ဘ၀ ကို အလွယ်ဖြတ်သန်းနေကြတာပါ

  • ဘာသာရေးဆိုင်ရာ စကားလုံး ပါဝင်တဲ့ အသံတချို့

သူတို့လဲ ဘယ်ဖြစ်ချင်ပါ့မလဲ . . . . . ကံကံ၏အကျိုး ပါပဲ

အိမ်ထောင် ရှိရဲ့နဲ့မလုပ်သင့်ပါ လက်မခံပါ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးများပို၍ပင် မလုပ်သင့်ပါ

လူလူချင်းတူပါရဲ့ ဘ၀ကြမ်းတွေတူချင်မှတူကြမှာပါ တချိုက ၀ါသာနာရလုပ်ကြပေမယ် တချို့ကစားဝတ်နေရေးကြောင့်ကြလုပ်ကြရတာပါ ဗုဒ္ဓဘာသာမှာ သူ့ ကံအကြောင်း ကိုယ့် ကံအကြောင်းတရားတွေရှိပါသေးတယ် ကိုယ် ကမကျုံလို့ ဒီလိုစကားတွေမပြောသင့်ပါ လူသားချင်းနားလည်ပေးလိုက်ကြပါ။

 ပြည့်တန်ဆာ ဆိုတာတော့ ဘုရားလက်ထက်ကတည်းကရှိပြီးသားပဲလေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ကြ ရတာပါ ဘယ်သူတစ်ဦးတစ်ယောက်မှ ဖြစ်နိုင်မယ်ဆိုရင် ယခုလို ဘဝမျိုးကို ပိုင်ဆိုင်ချင်မှာ မဟုတ်ပါ အားလုံး အမြင်မှန်နိုင် ကြပါစေ ဗျာ

  • ဆက်စပ်ဖတ်ရှုရန် ...

ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ ဥပဒေပြင်ရမယ် 
http://blog.irrawaddy.org/2013/04/blog-post_19.html

ပြည့်တန်ဆာမှုအတွက် အသွင်ယူခြင်း
http://blog.irrawaddy.org/2013/07/blog-post_4847.html

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို
http://burma.irrawaddy.org/%E1%81%80_sex-workers/2013/07/31/45369.html



.

1 comments :

  1. Anonymous said... :

    အပေါ်က ပြည့်တန်ဆာမတွေဆိုတဲ့ ဆောင်းပါးအပေါ် ကျတော့်ယူဆချက်ကိုပြောရမယ်ဆိုရင်
    မိန်းကလေးတွေအနေနဲ့ ၀င်ငွေမကောင်းလို့၊၀မ်းစာအတွက် လုပ်ရာကနေ ပြည့်တန်ဆာမမဖြစ်သွားဘို့အရေးကြီးပါတယ်.....၀ါသပါလို့ လုပ်ရာကနေ ပြည့်တန်ဆာမ မဖြစ်သွားဘို့အရေးကြီးပါတယ်.....၀ါသနာပါလို့လုပ်ရာကနေ ၀င်ငွေမကောင်းလို့ပါ၊ အလုပ်မရှိလို့ပါ၊ ၀မ်းစာအတွက်ပါ၊ မိသားစုအတွက်ပါဆိုပြီး လွှဲမချရပါဘူး......အဲဒီအတွက် ကာကွယ်ပေးမဲ့ ဥပဒေလည်း မရှိသင့်ပါဘူး......နောက်ပြီး ယောက်ျားတွေအနေနဲ့ထိုသူတို့နဲ့ ပါတ်သက်လာတဲ့အခါ ကျူးလွန်သူတွေအဖြစ်မပြောရပါဘူး.....အရေးယူရမဲ့ဥပဒေလည်းမချမှတ်သင့်ပါဘူး.....တမင်တကာ ပြည့်တန်ဆာလုပ်နေတဲ့မိန်းခလေးတွေရှိနေနိုင်သလို ကျူးလွန်တဲ့ယောကျာ်းတွေလည်းရှိနေနိုင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved