၈၈ ဦးကိုကိုကြီးရဲ့ ကေကျူစာပေနဲ့ ဦးအောင်ဒင်ရဲ့ ရန်ကုန် ငြိမ်းချမ်းရေး

Tuesday, November 12, 2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ အခု ကေကျု စာအုပ်ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်နေပါတယ်။ သူ့ စာအုပ်တိုက်က ပထမဆုံး ထွက်ရှိလာတဲ့ စာအုပ်ကတော့ နိုင်ငံရေး အကျဉ်းသား
ဟောင်း တဦးဖြစ်တဲ့ အောင်ဒင်ရဲ့ ရန်ကုန် ငြိမ်းချမ်းရေး စာစုဆိုတာပါဘဲ။ 


အောင်ဒင်ရဲ့ ရန်ကုန် ငြိမ်းချမ်းရေး စာစု မျက်နှာဖုံး၊ ဓာတ်ပုံ- ကေကျု
 
ရန်ကုန် ငြိမ်းချမ်းရေး စာစုထဲမှာ စာရေး ဆရာ ဦးအောင်ဒင် ဘာတွေ ရေးထားသလဲ ဆိုတာ စိတ်ဝင် စားစရာပါ။ 

စာရေး ဆရာ အောင်ဒင်ဆိုတာ ကွယ်လွန်သူ နာမည်ကြီး စာရေးဆရာ တာရာမင်းဝေရဲ့ အကိုအရင်းဖြစ်ပါ တယ်။ 

ဦးအောင်ဒင်ရဲ့ ၂၀၀၀ ခုနှစ်က ၂၀၁၃ ခုနှစ်အတွင်း စုစည်းထားချက်တွေကို စာအုပ်အဖြစ် အခု ကေကျု စာအုပ်ထုတ်ဝေရေးက နိုဝင်ဘာလ ၇ ရက်နေ့က စတင်ဖြန့်ချီတာဖြစ်ပြီး နောက်ထွက်လာမယ့် စာအုပ်တွေ ထဲမှာ ကိုကိုကြီး ကိုယ်တိုင် ရေး သားတဲ့ အမျိုးသားရေး လက္ခဏာနဲ့ လွှတ်တော်လက်စွဲ ဆိုတာတွေလည်း ထွက်လာဖို့ ရှိနေပါတယ်။ 

ကေကျူ စာအုပ်တိုက်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက် သုမင်္ဂလာလမ်း၊ အိမ်အမှတ် ၂၇၇/ခ ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved