စားချင်စရာ ဘိုဘိုချာချာ

Saturday, November 9, 2013

~
 



BoBoChaCha ဆိုတဲ့ အချိုပွဲကတော့ ကျွန်မတို့ မြန်မာ ရွေရင်အေးနဲ့ ဆင်တယ်လို့ ပြောရမှာပါပဲ။

အဓိကကတော့ အုန်းနို့ရည်ကိုသုံးပြီး အချိုပွဲလုပ်ထားတာပါ။
 



ကန်ဇွန်းဥ၊ ပိန်းဥ နှင့် ပီလောပီနံများကို အုန်းနို့အချိုရည်ထဲ ထည့်ပြီး၊ ထန်းလျက်ရည် ဆမ်းကာ သုံးဆောင်ကြတာများပါတယ်။

တစ်ချို့ကလည်း ပီလောပီနံမှုန့်ကို ကျိုထားတဲ့ ကော်လုံးလိုမျိုးလေးကိုလည်း ထည့်စားလေ့ရှိကြတယ်။

ကျွန်မကတော့ အဲဒါလေးတွေ မထည့်ပဲ အသီးအနှံသက်သက်ကိုပဲသုံးပြထားပါတယ်။

ပါဝင်ပစ္စည်းများ

ကန်ဇွန်းဥ -  တရုပ်ပန်းကန်လုံး တစ်လုံးမောက်မောက်
ပီလောပီနံ - တရုပ်ပန်းကန်လုံး တစ်လုံးမောက်မောက်
ပိန်းဥ - တရုပ်ပန်းကန်လုံး တစ်လုံးမောက်မောက်
အုန်းနို့ - ၂၅၀ ဂရမ်

သကြား - ၁၂၀ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆွမ်းမွှေးရွက်တစ်ရွက်

ပြုလုပ်နည်း

ပထမဆုံး ကန်ဇွန်းဥ၊ ပီလောပီနံ နှင့် ပိန်းဥများကို ခပ်ကြီးကြီးစိတ်ကာ ရေ ၂ လီတာခန့်တွင် ထည့်ကာ ဆူအောင်ပြုပ်ပေးပါ။

ဆွမ်းမွှေးရွက်ကိုလည်း ထည့်ပေးပါ



ရေဆူပြီး ကန်ဇွန်းဥများနူးလျှင် အုန်းနို့ကို ထည့်မွှေပေးပါ

သကြားနှင့် ဆားကိုလည်း ထည့်ပါ။

စားကာနီးမှ ထန်းလျက်ရည်ဆမ်းကာ သုံးဆောင်ပါ။




(မှတ်ချက် - EVY's Kitchen ရဲ့ စာမျက်နှာ http://www.evyfoodlover.com  မှာ တွေ့ရတဲ့ ချက်နည်းပြုတ်နည်း၊ ဓာတ်ပုံများကို ခွင့်ပြုချက်နဲ့ ကူးယူ ဖော်ပြပါတယ်။)



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved