အင်ဒိုအမျိုးသမီးများ ပစ္စတို လက်စွမ်းပြ

Wednesday, November 6, 2013

 ~

ပြင်ဦးလွင်/မေမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ကြည်းတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ (AARM) မှာ အမျိုးသမီးတွေလည်း ဝင်ပြိုင်နေပါတယ်။  


တနင်္ဂနွေနေ့က   ပစ္စတို (အမျိုးသမီး) ပွဲစဉ်(၂) တဦးချင်း ပစ်ခတ်မှု ပွဲစဉ်မှာ ပထမ၊ ဒုတိယဆုတို့ကို  အင်ဒိုနီးရှားက ရတယ်၊   တတိယဆု ရရှိသွားတာကတော့ ထိုင်းအသင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအသင်း မပါပါဘူး။
အမျိုးသမီးပွဲစဉ်အတွက် မြန်မာအသင်း အဆင်သင့် မဖြစ်သေးလို့ ၀င်မပြိုင်တာလည်း ဖြစ်နိုင်ပါတယ်။

မြန်မာ့တပ်မတော်မှာ အမျိုးသမီးရဲဘော်တွေ မရှိသေးဘူးလို့လည်း ယူရပါတယ်။

ပြိုင်ပွဲအွန်လိုင်း https://www.facebook.com/aarm2013 ကနေ ပုံတချို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။ 
 








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved