ထားထက်ထက် ကချင်ဝတ်စုံဆန်းနဲ့ ဘန်ကောက်မှာပွဲထွက်

Wednesday, November 6, 2013

 ~



Miss Grand International ပြိုင်ပွဲကို မြန်မာပြည်က မထားထက်ထက် နဲ့ နိုင်ငံအသီးသီးက အလှမယ်တွေ ရောက်နေကြပါပြီ။ မနေ့က ဘန်ကောက်မြို့မှာ သူတို့ လူလုံးပြကြပါတယ်။ ပုံတွေကို ရှုပါ။



ထားထက်ထက် ဝတ်ပြထားတာကတော့ ကချင်အမျိုးသမီးဝတ်စုံကို အခြေခံထားပြီး ချုပ်ထားတာဖြစ်ပါလိမ့်မယ်။
ဒီဇိုင်းက ဘယ်သူ့လက်ရာမှန်း မသိပါ။
စိတ်ကူးကောင်းတယ်လို့ ဆိုရပါမယ်။

စီးထားတဲ့ဖိနပ်ကလည်း တော်တော်လေးကို ခုံမြင့်ပါတယ်။

ထားထက်ထက် ပြိုင်ပွဲဝင်မယ့်အကြောင်းကိုတော့ ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
ဘန်ကောက်မယ်ပြိုင်ပွဲမှာ ကမ္ဘာကျော်သီချင်းကို စောင်းနဲ့ အစွမ်းပြမယ်    http://blog.irrawaddy.org/2013/10/blog-post_896.html  မှာ ဖတ်ခဲ့ရပါလိမ့်မယ်။အခုတော့ ... အင်္ဂါနေ့က တွေ့ရတဲ့ ထားထက်ထက်နဲ့ အလှမယ်များရဲ့ အလှအပ၊ ဖက်ရှင်များကို ခံစားနိုင်ဖို့ ပြိုင်ပွဲဖေ့စ်ဘုတ်ကပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။

(နိုဝင်ဘာ ၆ ရက်နေ့ ဖြည့်စွက်ချက် - ဒီကနေ့ ထုတ် 7Day ဂျာနယ် အင်တာဗျူးမှာ ထားထက်ထက် ပြောပြထားတာက ... ရိုးရာဝတ်စုံအတွက် ဒီဇိုင်နာတွေက မျိုးမင်းစိုး၊ မပုံ့တို့ ဖြစ်ပါတယ် တဲ့)

  • ဆက်စပ်

ဘန်ကောက် နိုင်ငံတကာမယ်ပြိုင်ပွဲဝင်မယ့် ထားထက်ထက်
http://blog.irrawaddy.org/2013/10/blog-post_15.html


























.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved