ဖိုးချစ်နဲ့ IC ကရင်ပြည်နယ်နေ့အတွက် ဘားအံကိုလာကြမယ်

Wednesday, November 6, 2013

~



 မနက်ဖြန် ကျရောက်မယ့် ၅၈ နှစ်မြောက် ကရင်ပြည်နယ်နေ့ကျင်းပဖို့ မြို့တော် ဘားအံမှာ ပြင်ဆင်ထားပုံများကို ဖော်ပြလိုက်ပါတယ်။
 


ဘားအံက ဒီနှစ် ကရင်ပြည်နယ်နေ့ အတော်လေး စည်ကားမယ့်သဘောရှိပါတယ်။ ပရိသတ်အကြိုက် ဇာတ်မင်းသားဖိုးချစ်တို့အဖွဲ့၊ ခေတ်ပေါ် ဂီတ IC တီးဝိုင်းတို့အပြင် လူစည်ကားမယ့် စိတ်ဝင်စားကြမယ့် ပွဲတွေ အများအပြား တွေ့ရ ကြုံရမှာပါ။ 

ကုန်စည်ပြပွဲ၊
ရိုးရာ ခြင်းခတ် သရုပ်ပြပွဲ၊

မြန်မာ့ရိုးရာ လက်ဝွေ့ စာချုပ်စိန်ခေါ်ပွဲ၊
ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံ ပန်းမာန် ပြပွဲပြိုင်ပွဲ၊

ရိုးရာ ဒုံးအက ပြိုင်ပွဲ စသဖြင့် စသဖြင့်တို့နဲ့ အထူး စီစဉ်ထားကြတာ တွေ့ရပါတယ်။

(ဓာတ်ပုံများ - မန်းမျိုးမြင့်)  



























.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved