Sky Net မှာ မြင်ရမယ့် ဦးကိုကိုကြီးရဲ့ ဆွေးနွေးခန်း

Sunday, November 3, 2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးရဲ့ အသွင်ကူးပြောင်းရေး ကာလ စိန်ခေါ်မှုများ (Transitional challanges (Social impact) ဆို တဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို Yangon Media Group နဲ့ MNTV တို့ရဲ့ အစီအစဉ်အဖြစ်  Sky Net  ရဲ့ Political Dialogue Show ကဏ္ဍ ကနေ ဒီကနေ့ နိုဝင်ဘာ လ ၃ ရက်နေ့မှာ တင်ဆက်ဖို့ ရှိပါတယ်။ 

  နိုင်ငံရေးဆွေးနွေးခန်းက ကောက်နှုတ်ချက်တွေကတော့ 
 
"ဥပဒေတခု ထုတ်ပြီဆိုရင် ပြည်သူတွေကို အရင် ကြိုတင်ပညာပေး ၀ါဒမဖြန်.ပဲအရေးယူဖို.ပဲ လုပ် ရင် ဥပဒေ ဆိုတာ ဘယ်လို အသက်ဝင်တော့မလဲ။ ဥပဒေတစ်ခု ပြုပြီးရင် ပြည်သူတွေကို ထိထိရောက် ရောက် နားလည်နိုင်အောင် အရပ်ဖက် အဖွဲ.အစည်းတွေ က တဆင့် မီဒီယာတွေက တဆင့် အသိပညာပေးဖို.လိုတယ်။"

ပြည်သူတွေဘက်ကလည်း ငါတို.သဘောဆန္ဒအမှန်ကို ပြခွင့်ရရင် အမြဲရှေ.တန်းက ပြသခဲ့ကြ တယ်။ ဥပမာ ၁၉၉၀ ရွေးကောက်ပွဲနဲ. ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်ကိုကြည့် လိုက်ပါ ပြည်သူတွေက အသံတိတ်ဆန္ဒပြခဲ့ကြတာပဲ။

စံနစ်ဟောင်းရဲ. အကြွင်းအကျန်တွေကလည်း ယခုအချိန်အထိ မပြောင်းချင်လို. အတင်း ခုခံနေကြတယ်။

သမ္မတကြီးအနေနဲ့လည်း မလိုက်နိုင်တဲ့သူတွေထားခဲ့မယ်ဆိုပြီး တချို.ဟာတွေကို မထား ရက် လို.များလား၊ ဒါမှမဟုတ် ထားခဲ့ရမယ့်သူတွေကို ရွေးရခက်နေတာလား။

ဖင်တရွတ်ဆွဲနေတဲ့ နောက်ပြန်ရေးသမားတွေကို ပြတ်ပြတ်သားသား ထားခဲ့ ဖို. လိုပါပြီ။ အဲဒါဟာ တိုင်းပြည်ရဲ.ပြုပြင်ပြောင်းလဲရေးအတွက်ပါ။

စစ်သားတွေကို ဗိုလ်သင်တန်းတက်ကတည်းက လုံခြုံရေးနဲ.တည်ငြိမ်ရေးဆိုတာပဲသင်ပေး လိုက်တယ်။ အဲဒီလူတွေက အရပ်ဖက်အုပ်ချုပ်ရေးကိုရောက်လာတဲ့အခါ ပြည်သူတွေ လူထုတွေ က လွတ်လပ်ပွင့်လင်းမှုကိုတောင်းဆိုတဲ့အခါ သူတို.အရိုးစွဲခဲ့တဲ့ လုံခြုံရေး ဆိုတာကြီးနဲ. ထိပ်တိုက်တွေ.ပြီး ပြသာနာတွေဖြစ်တော့တာပါပဲ။

အသွင်ကူးပြောင်းရေးကာလမှာ တိုက်ခိုက်မှုတွေမပြီးသေးပါ။ နောက်ပြန်ဆွဲမယ့်သူတွေ ထုကြီး ထည်ကြီးနဲ.ရှိနေသေးတဲ့အတွက်ပါ။ ဒါကို တွန်းလှန်ရေးအဖြစ် ပုံသဏ္ဍာန်ပြောင်း ပြီး ဆက်လက် တိုက်ပွဲသွားရမည်။ ဒီမိုကရေစီဖြစ်စဉ်ကြီးကို အနှောက်အယှက် အတားအဆီးဖြစ်နေသမျှ ကို တွန်းလှန်ပြောင်းလဲသွားမယ်။ မတရားမှုကို ဆန်.ကျင်တာ ဝေဖန်တာကို ဆက်လုပ်သွားမယ်။

တချိန်က ထောင်ချခံခဲ့ရတဲ့သူတွေအနေနဲ့လည်း တိုင်းပြည်ကောင်းဖို. ပြောင်းဖို.ဆိုရင် အတူ တွန်းလှန်ပြောင်း လဲရေးကို ဆက်လုပ်မယ်။ အရေးကြီးဆုံက ယုံကြည်မှုတည်ဆောက်ဖို. အရေး အကြီးဆုံး အခက်ဆုံးပဲ။ သက်သေပြဖို.လိုတယ်။

ယုံကြည်မှုတည်ဆောက်ပြီဆိုရင် အာမခံချက်ရှိရမယ်။ လူထက် မူဝါဒရေးရာ ခိုင်မာပြီး ပွဲပြီး မီးသေ မဖြစ်ဖို.လိုတယ်။ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်တာမျိုး မဖြစ်ဖို.လို တယ်။

မိသားစုပုံစံ၊ မူလတန်းကျောင်းပုံစံတွေကအစ ပြောင်းလဲဖို.လိုတယ်။ သာမန်မိသားစုတွေ မှာ ဖခင်က အုပ်ချုပ်ပြီး ငါခိုင်းတာ လုပ်ဆိုတာမျိုးကနေ မိသားတစ်ခုလုံး အပြန်အလှန် တန်ဘိုး ထားတတ်ပြီး အမိန်.ပေး အမိန်.ခံ မိသားစု စံနစ်ကိုပြောင်းလဲဖို. လိုအပ်နေပါပြီ။

ပညာရေး စံနစ်မှာ အရင်က ခေါင်းဆောင်တစ်ယောက်ကလွယ်လွယ်လေး အမိန်.ပေးလိုက် တာပဲ၊ ပညာရေးကို တပွဲတိုး စိတ်ကူးပေါက်ရာတွေ မလုပ်ဖို.လိုတယ်။ တကယ် တန်ဘိုး စံချိန်စံညွှန်းရှိ တဲ့ ပညာရေးစံနစ် ပေါ်ပေါက်ဖို. လိုအပ်ပါတယ်။

အုပ်ချုပ်သူတွေကို ပြည်သူတွေ မယုံကြည်တဲ့စိတ်ဟာ အတွင်းထဲမှာ မြုံပြီး တည်ရှိနေ တယ်။ ဒါကြောင့် ပြည်သူတွေဟာ အုပ်ချုပ်သူတွေ တခုခု အမိန်.ပေးရင် မလိုက်နာချင် ဘူး ဆန်.ကျင်မယ်ဆိုတဲ့စိတ်မျိုးတွေ အရိုးစွဲလာခဲ့တယ်။

ဥပဒေတစ်ခုထုတ်ပြီဆိုရင် ပြည်သူတွေကို အရင် ကြိုတင်ပညာပေး ၀ါဒမဖြန်.ပဲ အရေးယူ ဖို.ပဲ လုပ်ရင် ဥပဒေဆိုတာ ဘယ်လို အသက်ဝင်တော့မလဲ။ ဥပဒေတစ်ခု ပြုပြီးရင် ပြည်သူတွေ ကို ထိထိရောက်ရောက်နားလည်နိုင်အောင် အရပ်ဖက် အဖွဲ.အစည်းတွေကတဆင့် မီဒီယာတွေ ကတဆင့် အသိပညာပေးဖို.လိုတယ်။

တရားစီရင်ရေးမှာလည်း အုပ်ချုပ်ရေးက ၀င်ရောက်မစွက်ဖက်ဖို. လိုတယ်။ ဒါမှသာ ပြည်သူတွေ က တရားစီရင်ရေးမဏ္ဍိုင်ကို ယုံကြည်လာမယ်။
ဒါမှမဟုတ်ရင်တော့ ပြည်သူတွေက တရားစီရင်ရေးကို မယုံကြည်ကြဘူး။ အပြင်မှာ ကြိတ်ရှင်း ကြတဲ့ အကျင့်ဆိုးမျိုးတွေ ရှိလာကြရော။ ဘာလို.လဲဆိုတော့ တရားရုံးကို မသွားချင်ကြ ဘူး တရားစီရင်ရေးမဏ္ဍိုင်ကို မယုံကြည်ကြဘူး။

အုပ်ချုပ်တွေအနေနဲ. ကျိုးကြောင်းဆီလျော်တဲ့ အမိန်.မျိုးတွေ ထုတ်ပြန်ဖို.လိုတယ်။
ဆိုက်ကားတွေ စက်ဘီးတွေ ရှုပ်နေတဲ့နေရာမှာ ကားဟွန်းတီးဖို.လိုတာကို ကား ဟွန်းမတီးရ ဆိုတဲ့ အမိန်.မျိုး ထုတ်နေရင် ကျိုးကြောင်းဆီလျော်ပါ့မလား။

ဒါကြောင့် အမိန်.တစ်ခုထုတ်မယ်ဆိုရင် အုပ်ချုပ်မှုအခွင့်အာဏာရှိတဲ့သူတွေ က လူထုနဲ. တိုင်ပင်ကြပါ။

( ကိုကိုကြီး )
 
 
ဦးကိုကိုကြီးဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပြီး လက်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်သူ တဦးအနေနဲ့ တာဝန်ယူနေတာလည်းဖြစ်ပါတယ။် 


ဒီအပြင် ဦးကိုကိုကြီးဟာ Open Myanmar Initiative -OMI ဆိုတဲ့ သုတေသနအဖွဲ့မှာလည်း အကြံပေး ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်။ 






အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    အလွတ်သဘောပြောဆိုဆွေးနွေနေတာတွေဟာ နားထောင်လို.ကောင်းပါတယ် ၊ ဗဟုသုတယူစရာတွေလည်းပါလာနိင်ပါတယ် ။ ဒါပေမယ်.တကယ်လက်တွေ.အကောင်အထည်ဖေါ်တဲ.အခါ ၊ စိတ်ထဲကဖြစ်ချင်တာလေးတွေ ရွေးပြောသလောက်မလွယ်ပါဘူး ၊ အဲဒီတော. ခင်ဗျားတို. ဘယ်နေရာကနေ ၊ ဘယ်ပုံစံနဲ. ၊ ဘယ်လိုမျိုး မူဝါဒတွေ ချမှတ်ပြီးအကောင်အထည် ၊ ဘယ်တော. စလုပ်မလည်းလို. ၊ ရိုးရိုး ရှင်းရှင်း မေးပါရစေ ။ တိုးတက်ပြောင်းလည်းမှုတိုင်းမှာ ပါဝင်မှာလား ဒါမှမဟုတ် ဘေးကနေဘဲ တသက်းလုံး ပြောကောင်းကောင်းနဲ.ပြောနေတောမှာလား ၊ ပြည်သူတွေ နဲ. ကျွန်တော်တို.လို ပညာတတ် လူငယ် တတိယ အင်အားစုတွေ ကလည်းခင်ဗျားတို.ကိုစောင်.ကြည်နေပါတယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved