ကောင်းမှုတော်ဘုရားမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ ဓာတ်ပုံများ

Tuesday, December 10, 2013

~


  စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား အဓိက၀င်ပေါက်ကြီးမှာ တခမ်းတနား ပြသထားတာကတော့ ဓာတ်ပုံကြီးများဖြစ်တာကို  တွေ့ရပါတယ်။ 


တနင်္ဂနွေနေ့က တွေ့ရတဲ့ အဲဒီဓာတ်ပုံတွေကို ကြည့်လိုက်တော့ ကောင်းမှုတော်ဘုရားရဲ့ အထူးဧည့်သည်ကြီးများ ဖြစ်နေပါတယ်။
ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုတို့ ကောင်းမှုတော် ရောက်ခဲ့၊ အလှူဒါနပြုခဲ့ကြပုံတွေပါ။

ဦးသန်းရွှေကြီး စာဖတ်အနားမယူခင် တိုင်းပြည်တာဝန်တွေနဲ့အလုပ်များစဉ်က ကောင်းမှုတော်ကို ရောက်ခဲ့တဲ့ပုံတွေ အဲသလို ပြသထားတာ ဘာကြောင့်လဲ။
ကောင်းမှုတော် ဘုရား ဂေါပက အဖွဲ့က ဦးသန်းရွှေကြီးကို လေးစားသမှုရှိလို့ တခမ်းတနား ပုံတွေပြထားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

ဘုရားဖူးလာသူတွေ ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကောင်းမှုတော်ဘုရားဟာ ယခင်က အဖြူရောင်အဆင်း ရှိပါတယ်။
မြန်မာပြည်ကြီး ရွှေရည်စိမ်ဒီမိုကရေစီခေတ် ရောက်ခါနီးမှာ ရွှေရောင် ပြောင်းသွားပါတယ်။
ဒါဟာ ဦးသန်းရွှေရဲ့ ဆန္ဒလို့ ယူဆသူ မနည်းမနောပါပဲ။
သူ့ပါးစပ်က လွတ်ခနဲ ထွက်သွားတာကို အပြည့်အ၀ အကျိုးဆောင်ပေးသူတွေကြောင့် အရောင်ပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။

ဦးသန်းရွှေက နေပြည်တော်မှာ စာဖတ်နေတယ်လို့ ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။
အဲဒီအကြောင်း http://burma.irrawaddy.org/news/2011/11/17/2442.html မှာ ဖတ်နိုင်ပါတယ်။
စာဖတ်ရုံတင်မကဘဲ စာရေးနေရင်လည်း ကောင်းတာပါပဲ။
မြန်မာပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ နှစ်ပေါင်းများစွာ ထိပ်ဆုံးကနေ နေခဲ့ရတဲ့ကာလအတွင်း မည်သို့မည်ပုံ ဆောင်ရွက်ခဲ့တယ် ဆိုတာတွေကို ရေးရင် ပိုကောင်းပါမယ်။
ရေးဖြစ်ရင် ဖတ်မယ့်သူ အများအပြား ရှိမှာပါ။
ရေးဖြစ်ရင် ကောင်းမှုတော်ဘုရား ရွှေရောင်အပြောင်းအလဲဟာ သူနဲ့ ဆိုင်တယ် မဆိုင်ဘူး ဆိုတာကိုလည်း ထည့်ရေးသင့်ပါတယ်။

ကိုယ့်အကြောင်း သူများရေးတာတွေ ရှိသလို ကိုယ်တိုင်ရေးနိုင်ရင် ပိုမို ပြည့်စုံမှာဖြစ်ပါတယ်။    ။
 

 ဦးသန်းရွှေ ငှက်လွှတ်တော့မယ်ပုံ။

ငှက်လှောင်အိမ် ကိုင်ထားတဲ့ ဦးသန်းရွှေ။



.

2 comments :

  1. Anonymous said... :

    ကိုယ့်သမိုင်း ကိုယ်ရေးဆိုပေမဲ့ ဖတ်တာကတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးနော် အားလုံးဖတ်ကြတာ ဖတ်ကောင်းအောင်ရေးပါ။

  1. Anonymous said... :


    1-1 of 1

    ဖတ်ကောင်းအောင်ရေးရရင်တော့ တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက် ၂ လုံး အလိုမှာ ကယ် တင်လိုက်တာ နှစ် ၅၀ လောက်ထိ သူများတိုင်းပြည် ကို လိုက်မမီလောက်အောင် စွမ်းစွမ်းတမန် လုပ်ဆောင်ခဲ့ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved