ကမ္ဘာ့ဖလားမြန်မာနိုင်ငံကို အလည်အပတ် လာရောက်

Wednesday, December 25, 2013

~


မြန်မာဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်သေးပေမယ့်  ကမ္ဘာ့ဖလားက မြန်မာပြည်ကို ရောက်လာပါပြီ။


အများပြည်သူ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ရောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားကို သယ်ဆောင်လာတဲ့ လေယာဉ် ဒီကနေ့ နေ့ခင်းပိုင်း ရန်ကုန်လေဆိပ်ကို ဆိုက်ပါတယ်။ လေယာဉ်မှာ ကိုကာကိုလာတံဆိပ်ကြီးခြယ်ထားပါတယ်။ ကိုကာကိုလာအချိုရည်ထုတ်တဲ့ကုမ္မဏီရဲ့ စပွန်ဆာနဲ့ ဒီဖလားကြီး ကမ္ဘာပတ်နေတာပါ။ အခုတော့ ရန်ကုန် ရောက်လာပါပြီ။

မနက်ဖြန် ဒီဇင်ဘာ ၂၆ ရန်ကုန်မြို့  သုဝဏ္ဏကွင်းမှာ FIFAကမ္ဘာ့ဖလားခရီးစဉ် ဆိုတာကို တခမ်းတနား ကျင်းပပါမယ် တဲ့။

ဒီပွဲ ၀င်ကဲဖို့အတွက် လက်မှတ်က အခမဲ့။
သို့သော်လည်း "City Mart Supermarket, Ocean Hypermarket, စိန်ဂေဟာ, ABC Convenience Store နှင့် အခြားသတ်မှတ်ထားသော ဆိုင်များမှာCoca-Cola သံဘူး ၆ ဘူးဝယ်ယူပြီး လက်မှတ်ရယူနိုင်ပါတယ်" လို့ ကြိုတင် ကြေညာထားပါတယ်။

လက်မှတ်တစောင်ရချင်ရင် ၆ ဘူးဝယ်၊ နှစ်စောင်ရချင်ရင် တဒါဇင် ၀ယ်ပေတော့။ အဲ... ဒီစာ ဖတ်နေရတဲ့အချိန်မှာ လက်မှတ်နဲ့ ကုတ်ဘူး လှဲလှယ်ခြင်း အစီအစဉ် အဆုံးသတ်လောက်ပါပြီ။ ၂၅ ရက်နေ့ နောက်ဆုံး ဆိုထားတာကိုး။

ကိုကာကိုလာက တကယ် အေးစက်စက်အနေအထားမှ သောက်ရတာ ပိုအရသာရှိပါတယ်။ ၀ယ်ထားသမျှတော့ အကုန်မသောက်လိုက်နဲ့ဦး။ ဒီဇင်ဘာလကုန်ပိုင်း ရာသီဥတုကလည်း သိပ်အေးတဲ့အတွက် အခန့်မသင့်ရင် အအေးသောက်ပြီး ချောင်းဆိုးနေလိမ့်မယ်။

လက်မှတ် ရရှိပြီးပြီ ဆိုရင်တော့ ကမ္ဘာ့ဖလားကြီးကို အနီးကပ်ကြည့်ရှုပြီး သကာလ အမှတ်တရဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်ပြီပေါ့။

အခု တွေ့ရတာကတော့ ... ဒီကနေ့ ရန်ကုန်ရောက်
ကမ္ဘာ့ဖလားကြီးကို ကြိုဆိုမှုမြင်ကွင်းများ ဖြစ်ပါတယ်။






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved