မန္တလေးက မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူကို ဖမ်းမိ

Wednesday, December 25, 2013

မန္တလေးမြို့က နာမည်ကြီးမောင်ကိန်း ရွှေဆိုင်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က ဓားပြ တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

 

အနုကြမ်းစီးခံရသော မောင်ကိန်း ရွှေဆိုင် (ဓာတ်ပုံ – မင်းထက်ငြိမ်းချမ်း)

နိုင်ငံပိုင်ကြေးမုံသတင်းစာရဲ့ စာမျက်နှာကတော့ အခုလို ဖော်ပြထားပါတယ်။ 

“ဓါးပြရဲ့ လက်ထဲမှာ သေနတ်ကိုင်ဆောင်ထားပြီး ပစ်ဖောက်လုယက်တာဖြစ်ပါတယ်။ ရွှေဆိုင်က ရွှေတွေ ယူပြီး အထွက် ဆိုင်ကယ်ပေါ်အတက် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတွေက လုံးထွေးဖမ်းဆီးတာကြောင့် တစ်ဦးကို ဖမ်းမိ သွားပါတယ်” လို့ ဆိုပါတယ်။ 

မောင်ကိန်းရွှေဆိုင်အနီးက လူတွေအပြောကတော့ ရွှေဆိုင်လုံခြုံရေး ဝန်ထမ်းတွေသာမက အနီးအနားက လူတွေက လဲကျသွားတဲ့ ဆိုင်ကယ်နဲ့ ဓားပြတဦးကို ဝိုင်းဝန်း ရိုက်နှက်ဖမ်းခဲ့လို့ ဦးခေါင်းဒဏ်ရာရသွားတယ်လို့ ဆိုကြပါတယ်။  

မျက်မြင်တွေက ပြောတာကို ကိုးကားဖော်ပြတဲ့ မန္တလေး စီဂျေသတင်းတွေမှာတော့ သေနတ်သမား ဓားပြဟာ ဆိုင်ထဲက ရွှေတွေကို မှန်ခွဲပြီး ယူကာ ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ အလုပ်မှာ ဖမ်းမိတာလို့ ဆိုကြပါတယ်။

ဓားပြတိုက်ခံလိုက်ရတဲ့ မောင်ကိန်းရွှေဆိုင်ဟာ မန္တလေးမြို့ လမ်း ၈၀ × ၂၉ လမ်းထောင့်မှာ တည်ရှိတဲ့ ဆိုင်ဖြစ်တယ်လို့ ကြေးမုံက ဖော်ပြပါတယ်။

မန္တလေးသတင်းတွေမှာတော့ ဓားပြဟာ သေနတ် ၇ ချက်ပစ်ဖောက်ပြီး အမျိုးသားကြီး တဦးလည်း 
သေနတ် မှန်ခဲ့တယ်လို့ ဆိုပြီး ဓားပြဟာအနည်းဆုံး ၁ ဦးရှိကာ တဦးကိုပဲဖမ်းမိတာဖြစ်တယ်လို့ ဆိုကြပါတယ်။ 

အခုထိ သက်ဆိုင်ရာက ဘာသတင်းမှ ထုတ်ပြန်တာ မရှိသေးလို့ မန္တလေးပြည်သူတွေက ဓားပြတိုက်မှုနဲ့ ပတ် သက်ပြီး အတိအကျ မသိရသေးဘူးလို့ ပြောကြပါတယ်။ 

တလောကပဲ မိတ္ထီလာဘဏ်ကို ၆ဝဝ၆ တင့်ကားတပ်ရင်းက ဗိုလ်ကြီးတဦးက ငွေလိုအပ်နေလို့ အနုကြမ်းစီးခဲ့ပါ သေးတယ်။ အဲဒီ ဗိုလ်ကြီးကိုတော့ ရဲတပ်ဖွဲ့ကနေ စစ်တပ်ကို လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။ 

အခုတလော ဘဏ်ဓားပြတိုက်တာ၊ ရွှေဆိုင်ဓားပြတိုက်တွေ ခေတ်စားလာနေသလိုပါဘဲ။ 



အိမ့်သံစဉ် ~ 






.

2 comments :

  1. Anonymous said... :

    သေနတ်ကို စည်းကမ်းမရှိကိုင်တဲ့ အဖွဲ့အစည်းတွေကို သေချာမထိန်းချုပ် နိုင်ရင် ပိုများသထက် များလာဦးမှာ သေချာတယ်။

  1. Anonymous said... :

    မြို့လယ်ကောင်ရွှေဆိုင်ကြီးမှာဒီလောက်သေနတ်ပစ်ဖောက်နေတာတောင်ရဲတွေကအချိန်မှီရောက်မလာနိုင်တာဘာကြောင့်လဲရွှေဆိုင်ကကားသမားသာသတ္တိမရှိရင်တရားခံလွတ်သွားပြီ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved