မန္တလေးအခြေစိုက် ကဗျာမဂ္ဂဇင်း

Tuesday, December 17, 2013

~



မန္တလေးကစာအုပ်ဆိုင်တခုကို ၀င်မိတော့ စင်ပေါ်ကစာအုပ်များကြားထဲ မဂ္ဂဇင်းအသစ်တစောင်ကို တွေ့ပါတယ်။
နာမည်က ကဗျာမဂ္ဂဇင်း။  အမှတ် ၁၊ နိုဝင်ဘာလထုတ်။
 





မန္တလေးအခြေစိုက် ဒီကဗျာမဂ္ဂဇင်းရဲ့ မာတိကာမှာ အမှတ်တရကဗျာ၊ ကလေးကဗျာ၊ မြန်မာရနံ့ကဗျာ၊ (အထွေထွေကဗျာ)ဆိုပြီး ကဏ္ဍခွဲထားတာကို   တွေ့ရပါတယ်။
ကလောင်နာမည်တွေ ကြည့်လိုက်တော့  ကဗျာလောကရဲ့ အထင်ကရတွေ ပါဝင်သလို၊ မထင်ရှားသေးတဲ့ကလောင်တွေကိုလည်း တွေ့ရပါလိမ့်မယ်။

မဂ္ဂဇင်း အဖွင့်မှာ နာယက -  ပိုင်စိုးဝေ၊  အယ်ဒီတာအဖွဲ့ဝင်များ မောင်နိုင်လင်း (ကောလင်း)၊ မာန်ထက်သာ၊ မင်းနဒီခ  ဆိုပြီး ဖော်ပြထားပါတယ်။

သူတို့ကို ဆက်သွယ်နိုင်တဲ့လိပ်စာက poemmagazine@gmail.com  အမှတ် - ၂ဝ၅၊ ၃၄ လမ်း၊ ၈၃ - ၈၄ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

စာပေလှုပ်ရှားမှုအစဉ်အလာရှိတဲ့ မန္တလေးမြို့မှာ အပတ်စဉ်ထုတ်ဂျာနယ်တချို့၊  လစဉ်ထုတ် မဂ္ဂဇင်းတချို့ ထွက်နေတာ တွေ့ရပါတယ်။ 
ဒီစာအုပ်ကို ရာပြည့်မန္တလေး စာအုပ်ဆိုင်မှာ တွေ့ခဲ့တာပါ။ တခြားသော စာအုပ်ဆိုင်များမှာ ဒီစာအုပ် တင်မတင် မသေချာပါ။ 

ပညာရှိကဝိတို့ရဲ့ဥစ္စာ ကဗျာကို ဖတ်ရှုသူ လက်ရှိအချိန်မှာ အင်မတန် နည်းနေ၊ ကဗျာတင်မက စကားပြေကိုလည်း သိပ်ဖတ်ကြဟန် မတူပါဘူး။
အင်တာနက်၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ဗီဒီယို စသဖြင့်သော မီဒီယာအမျိုးအစားများအပေါ် တိမ်းညွတ်မှုကဲလာတဲ့ယနေ့ခေတ်မှာ စာဖတ်နည်းလာကြပြီဆိုတာက သဘာဝကျပါတယ်။ ကဗျာကို နေရာပေးတယ်ဆိုတဲ့ ဒီဘလော့ http://irrawaddyblog.com မှာတောင်မှ ကဗျာဖော်ပြမှု အင်မတန့်အင်မတန် အားနည်းနေပါတယ်။

အခု ထွက်လာတဲ့ ကဗျာ
မဂ္ဂဇင်းက စာဖတ်သူများထဲက အစိတ်အပိုင်းတခုကိုပဲ ပစ်မှတ်ထားတယ်လို့ ယူဆရပါတယ်။





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved