ပါတော်မူ အတွေး

Tuesday, December 17, 2013

~

 



နှင်းဖြူဝတ်ရုံ
သိုင်းခြုံမှုန်ပျ
ဗျာဒိတ်ရမြို့
နိုးထ တစ်မနက်
လျှပ်တစ်ပြက် အမြင် ...


ရာဇဝင်အမှောင်
ကုန်းဘောင်နိဂုံး
တန်ဆောင်မုန်းနှင့် ကျွန်ဇာတ်ကြောင်း
ကျွန်လက်ဟောင်းနှင့် ကျွန်လက်သစ်
ဒဏ်ရာဟောင်းနှင့် ဒဏ်ရာသစ်
အတိတ်ဟောင်းနှင့် ပစ္စုပ္ပန်အဖြစ်
ဆန်းစစ်ဆင်ခြင်...

အေးဓားပြတဲ့လေ
ရတနာပုံရွှေမန္တလေး
ဇာတိမာန်တေးနှင့်
မြန်ရွေးနိုင်ကြစေသတည်း...။
 

 သိုက်ထွန်းသက် 
 မူရင်း - နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် ရွှေမန္တလေး သတင်းဂျာနယ်

(ရွှေမန္တလေး အပတ်စဉ်ထုတ်သတင်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ကူးယူ ဖော်ပြပါတယ်။)
 ဓာတ်ပုံ - ဇင်မင်းဆွေ


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved