သီလရှင်

Thursday, December 19, 2013

 ~


 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမရပူရမြို့နယ်ဘက် အလည်ထွက်ရာမှာ တွေ့ရတဲ့ သီလရှင်တချို့ကို အခုလို အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။


မယ်သီလတွေက နေပူဒဏ်ကာကွယ်ဖို့၊ မိုးဒဏ်ကို ကာကွယ်ဖို့ ထီးဆောင်းကြပါတယ်။
စရိတ်နည်းပြီး  ဆောင်းရတာ တခါတရံ ပိုပြီး အဆင်ပြေတာကတော့ ခမောက်ပါပဲ။

ပုံထဲမှာ သီလရှင်တွေ ခမောက်ဆောင်းထားတာ တွေ့ရပါလိမ့်မယ်။
နယ်မြို့တွေမှာ ဒီလိုမြင်ကွင်းမျိုး ထူးခြားမယ်မဟုတ်ပါ။
မြို့ကြီးပြကြီးမှာနေထိုင်သူတွေအဖို့တော့ ဒီလိုမြင်ကွင်းက ထူးရင် ထူးနေပါလိမ့်မယ် - သီလရှင်တွေ ခမောက်ဆောင်းသလား ဆိုပြီး။

မြို့ပြကျေးလက် ဘယ်ဒေသမှာမဆို သေချာတာကတော့ သီလရှင်တွေ ဆွမ်းခံရတာဟာ အင်မတန်မလွယ်ကူဘူးဆိုတာပါပဲ။

ဆွမ်းဆန်အလှူခံဖို့ မိုင်နဲ့ချီပြီး လမ်းလျှောက်ရဖွယ်ရှိပါတယ်၊ အပြန်ခရီးမှာ ဆွမ်းဆန်ကို သယ်ရ၊ ရွက်ရတဲ့အတွက် ပိုပြီး ပင်ပန်းပါလိမ့်မယ်။

မြန်မာပြည်အနှံ့အပြားမှာ သီလရှင်များကို တွေ့ရပါမယ်။ နေရာတချို့မှာဆိုရင် သီလရှင်တွေဦးစီးတဲ့ စာသင်ကျောင်းကို တွေ့ရမှာပါ။ ဘကကျောင်းလိုမျိုးပါ။

သီလရှင်ဆိုလို့ ဆက်စပ် ပြောရရင် ... ရွှေဝါရောင်တော်လှန်ရေးလို့ ထင်ရှားတဲ့ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုမှာ သီလရှင် အများအပြား ပါဝင်ဆန္ဒပြခဲ့ကြတာပါ။
သူတို့ထဲက တချို့ အဖမ်းခံခဲ့ရမယ်လို့ ယူဆရပါတယ်။

ဒီစာစုနဲ့အတူ တွဲဖတ်သင့်တဲ့ ပို့စ် ၂ ခု ကို ဖော်ပြပေးလိုက်ပါတယ်။

သီလရှင်ကို အမျိုးသားများ ရှိခိုးသင့်၊ မသင့်နှင့် အမျိုးသမီးများ ယုတ်ညံ့သည် ဆိုသည်မှာ မှန်၊ မမှန် 
http://saytanarpankhinn.blogspot.com/2012/07/blog-post_18.html

ကိုးပါးသီလ စောင့်ထိန်းထားသော သီလရှင် ဆရာလေးများက ရှစ်ပါးသီလ ခံယူရန် တောင်းခံလာသည့် ဒကာ ဒကာမများကို သီလပေးကောင်းပါသလား
http://questions.dhammaransi.com/index.php?option=com_content&view=article&id=123:2010-11-15-12-16-50&catid=25:the-project&Itemid=53


 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved