ယာဉ်အိုဟောင်း ခြောက် သောင်းကျော် အပ်ပြီးသွားပြီ

Tuesday, December 24, 2013

ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ ယာဉ်အိုဟောင်းတွေ ပြန်သိမ်းပြီးတာ ၆ သောင်းကျော်ရှိသွားပါပြီ။ 
ပြန်ကြားရေး ဝက်ဆိုက်က ဒီကနေ့ ဖော်ပြထားချက်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ထိ အပ်နှံပြီးတဲ့ ယာဉ်အိုယာဉ်ဟောင်း "စ" အက္ခရာမှ " အ" အက္ခရာ အထိ စုစုပေါင်း ခြောက်သောင်းကျော်သွားပြီလို့ ဖော်ပြထားပါတယ်။ 




"ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) တိုင်းဦးစီးမှူးရုံးရှိ ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံပြီး အစားထိုးယာဉ်များ တင်သွင်းရေး စီမံချက်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ အပ်နှံပြီးသည့် ယာဉ်အို ယာဉ်ဟောင်း "စ" အက္ခရာမှ "အ" အက္ခရာအထိ အက္ခရာစုံ မော်တော်ယာဉ် စုစုပေါင်းမှာ ၆၂၉၈၇ စီးကျော် ရှိကြောင်း အဆိုပါဌာန၏ စာရင်း အရ သိရသည်။
" လို့ ပြန်ကြားရေး ဝက်ဆိုက်က ဆိုပါတယ်။

ဆက်ပြီး ဖော်ပြထားတာကတော့ "ရန်ကုန်တိုင်းဒေသကြီးတွင် "အ" အက္ခရာ မော်တော်ယာဉ် အစီးရေ ၄၄၀၀ ကျော်ရှိသည့်အနက် "အ" အက္ခရာ အပ်နှံပြီးသည့် ယာဉ်အစီးရေမှာ ၂၉၅၀ ကျော်ရှိကြောင်း ယင်းဌာနမှ သိရသည်။" လို့ ရေးထားပါတယ်။
အခုလို ယာဉ်အိုယာဉ်ဟောင်းတွေ သိမ်းပြီး မော်တော်ကား တင်သွင်းခွင့် လိုင်စင်တွေ ပြန်ထုတ်ပေးရာမှာ 

ပါမစ်တစောင်ကို အပြင်မှာ ကျပ် သိန်း ၁၅ဝ ကျော် ပေါက်ဈေး ရှိပြီး ကားဈေးကွက်မှာလည်း အပေါ်ကား
ဈေးနှုန်းတွေ ထိုးကျလာခဲ့တာပါ။ အခုနောက်ပိုင်း ပါမစ်ဈေးတွေကတော့ ကျပ် သိန်း ၈ဝ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
အခုဆိုရင် အနောက်နိုင်ငံကား ကုမ္ပဏီတချို့နဲ့ ဂျပန် ကားကုမ္ပဏီတချို့လည်း မြန်မာနိုင်ငံ ကားဈေးကွက်ထဲ ဝင်ရောက်လာတဲ့အတွက် တချိန်တုန်းကလို ကားဈေးကွက်မှာ အလွန်အမင်း ကားဈေးမြင့်တဲ့ အဖြစ်မျိုး တဖြည်းဖြည်း ပိုလျော့နည်းလာဖို့ ရှိတယ်လို့ ရန်ကုန် ကားဈေးကွက်က လူတွေက ပြောကြပါတယ်။ 


အိမ့်သံစဉ် ~



ဆက်စပ်သတင်း

ဆူဇူကီး ကားစက်ရုံ မြန်မာပြည်မှာ တည်ဆောက်မယ်


Chevrolet ကားသစ်တွေ စီးကြမယ်





 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved