မန္တလေး တံတားဦးလေဆိပ်နဲ့ ဘူးသီးငါးပေါင်းကြော်

Saturday, December 21, 2013

~


 
ပြီးခဲ့တဲ့ရက်ပိုင်း မန္တလေး တံတားဦးလေဆိပ် တနေရာမှာ ဘူးသီးငါးပေါင်းကြော်စာတစောင် မှန်နံရံပေါ် ကပ်ထားတာ တွေ့ရပါတယ်။


အဲဒီနေရာမှာ အဲဒီစာရွက်တခုပဲ ကပ်ထားတာပါ။ တခြားဘာသာများနဲ့ ရေးထားတာ မတွေ့ရပါ။

ဆိုင်းဘုတ်တွေမှာ တရုတ်စာ ဦးစားမပေးရေးဆိုတဲ့ စည်းကမ်းချက်ရှိတဲ့ ဒီမြို့မှာ ဒီစာကို သီးသန့်တွေ့ရတဲ့တွက် ဓာတ်ပုံရိုက်ထားလိုက်တာပါ။
ဘာတွေရေးထားတယ် ဆိုတာကိုတော့ အဲဒီစာမျိုး ဖတ်တတ်သူကို မေးမြန်းကြည့်ရာမှာ ...


လေယာဉ်ပေါ်တက်တဲ့အခါ ဘယ်သူ ဘယ်ဝါတွေကို ဦးစားပေးရမယ်၊ အရင်တက်စေရမယ် ဆိုတဲ့အကြောင်း ရေးထားတာလို့ သိရပါတယ်။ 

တခြားတဘက်က ဆင်ခြင်ကြည့်တော့ လေယာဉ်ရှိရာကိုသွားကြတဲ့အခါ ဘယ်လိုလူတွေကို ဦးစားပေးရမယ်ဆိုတာ တရုတ်တွေက ပိုသိထားရမယ်၊ တခြားလူမျိုးတွေက သိစရာမလိုဘူး ဆိုတဲ့သဘော သက်ရောက်နေသလိုပါပဲ။

ဒီစာကို ဘယ်ဌာနက ထုတ်ပြန်သလဲ မသိပါ၊ ဒီလို သတိပေးချက်ကို ဘာသာစုံနဲ့ ဖော်ပြနိုင်ရင်တော့ ပိုသင့်တော်ပါမယ်။

မန္တလေးကို လေကြောင်းနဲ့ လာတဲ့နိုင်ငံခြားဧည့်များထဲမှာ တရုတ်ပြည်က အများအပြား ပါဝင်နေပုံရပါတယ်လို့ ဒီစာ ကပ်ထားတာကို ကြည့်ပြီး ခန့်မှန်းမိပါတယ်။

တရုတ်တွေတင်မက ထိုင်းတွေလည်း
မန္တလေးကို အုပ်စုလိုက် အုပ်စုလိုက် အလည်အပတ် ရောက်နေကြတာကို တွေ့ခဲ့ရပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved