မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေး ကွပ်မျက်ခံရ

Friday, December 13, 2013



လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဦးလေး ဖြစ်သူ ဂျန်ဆုန်ထက် (Jang Song Thaek) ရာထူးကဖယ်ရှား ထိန်းသိမ်းခံရတယ် ဆိုတဲ့ သတင်း ထွက်ပြီး ရက်သိပ်မကြာခင်မှာပဲ အခုတော့ ကွပ်မျက်လိုက်ပြီ ဆိုတဲ့နောက်ဆက်တွဲသတင်း ထွက်လာပါတယ်။  



ကင်ဂျုံအန်ရဲ့ ဦးလေး ဂျန်ဆုန်ထက်၊ ဓာတ်ပုံ-ယုန်ဟတ်သတင်းဌာန
 

မကြာသေးခင်ကပဲ လူမြင်ကွင်း အစည်းအဝေး တခုတွင်းက ဆွဲထုတ်သွားခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုခံ ထားရတဲ့ သူ့ကို   နိုင်ငံ့ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ တန်ပြန်တော်လှန်ရေး လုပ်ပြီး နိုင်ငံတော် သစ္စာဖောက်မှုတွေ ကျူးလွန်လို့ မနေ့က ကွက်မျက်လိုက်တာလို့ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ကြေညာ သွားပါတယ်။ 

သူက ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးရဲ့ နှမဖြစ်သူနဲ့ လက်ဆက်ခဲ့သူပါ။ 

သူ့ကို ဖမ်းဆီးထားစဉ်က အဂတိ လိုက် စားမှု၊ မူးရစ်ဆေးသုံးမှုနဲ့ အမျိုးသမီးလိုက်စားမှု၊ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ 


အခု လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် အာဏာရလာစဉ်မှာ ဂျန်ဟာ ရာထူးကြီးကြီးတွေကို တာဝန်ယူလာပြီး ကင်ဂျုံအန်ရဲ့ အဓိက အကြံပေးတဦးဆိုပြီး လူသိများပါတယ်။ ဒါကြောင့် ဂျန်ဟာ ကင်ဂျုံအန် အာဏာ ရ ပြီးစ ကာလတွေက အတော် တန်ခိုးထွားခဲ့သူလည်း ဖြစ်ပါတယ်။ 

ကင်ဂျုံအန်ရဲ့ ဦးလေး တော်စပ်သူကိုပင် ကွက်မျက်လိုက်တဲ့ မြောက်ကိုရီးယားသတင်းကတော့ ကမ္ဘာ့ သတင်းစာမျက်နှာ တွေမှာ အခု ထိပ်တန်းက နေရာယူလိုက်ပါတယ်။ 

မကြာသေးမီကလည်း ကင်ဂျုံအန်ရဲ့ ငယ်ရည်းစားအပါအဝင် ကချေသည်တွေ စုစုပေါင်း လူ ၈ဝ လောက်ကို ကွက်မျက်ခဲ့ ပါသေးတယ်။ 


 အိမ့်သံစဉ် ~ 

  • ဆက်စပ်သတင်း



.

2 comments :

  1. Anonymous said... :

    ဘုရားပြီးငြမ်းဖျက်ပေါ့.....အာဏာမရခင်တော့ဖားနေပြီး..ရလည်းရရော ခလုတ်ကန်သင်းတွေ စရှင်းနေပြီပေါ့..ကျန်တဲ့သူတွေလည်း...အိပ်ပျော်မှာတောင်မဟုတ်ဘူး

  1. Anonymous said... :

    NORTH KOREA , UNDER BLACK SHADOW

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved