~
မိချောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက ပိတ်သိမ်းလိုက်ပါပြီ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သပိတ်စခန်းကို ရောက်လာပြီး မိချောင်းကန်ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမှာဖြစ်ကြောင်း ကတိခံဝန်ချက်တွေပါဝင်တဲ့ စာရွက်စာတမ်းတွေကို ပေးအပ်ခဲ့တဲ့အတွက် ၁၇ ရက်ကြာ ဖွင့်ခဲ့တဲ့ သပိတ်စခန်းကို ယာယီပိတ်သိမ်းခဲ့တာဖြစ်ပါတယ် လို့ သိရပါတယ်။
လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်ပြပေးမယ်လို့ သူက ကတိပေးပါတယ် တဲ့။
ကတိခံဝန်ချက်တွေကို အကောင်အထည်ဖော်မှုမရှိဘူးဆိုရင်တော့ ယခုလိုမျိုးတောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
မူရင်းသတင်းက ဧရာဝတီပင်မစာမျက်နှာမှာ Rangoon Land Protesters Go Home After Lawmaker Promises Investigation ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာပါ။
http://www.irrawaddy.org/burma/rangoon-land-protesters-go-home-lawmaker-promises-investigation.html မှာ ကြည့်နိုင်ပါတယ်။
သူတို့ကို အချိန် ၃ လ ပေးမယ်၊ ကျုပ်တို့ဆီကသိမ်းထားတဲ့မြေတွေ ပြန်ပေးမလား မပေးဘူးလား ဆိုတာကို ဒီကာလအတွင်း ကျုပ်တို့ကို ရှင်းလင်းတိကျတဲ့အဖြေပေးရမယ်၊ ဒီလိုမှ မဟုတ်ရင်တော့ အခုထက် ပိုများတဲ့အင်အားနဲ့ သပိတ်စခန်း ပြန်လာဖွင့်မယ်။ အခု ယာယီ ပိတ်ပေးလိုက်ပါတယ် လို့ သပိတ်စခန်းခေါင်းဆောင်ပိုင်းက ပြောပါတယ်။
သပိတ်စခန်းမှာ အများစုကတော့ အမျိုးသမီးတွေဖြစ်နေတာ တွေ့ရပါတယ်။
သပိတ်စခန်းဖွင့်ထားတဲ့ကာလအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွမ်းအားရှင်တွေကို တရားစွဲမယ်လို့လည်း သိရပါတယ်။
(ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ )
Rangoon Land Protesters Go Home After Lawmaker Promises Investigation
http://www.irrawaddy.org/burma/rangoon-land-protesters-go-home-lawmaker-promises-investigation.html
.

- မူရင်းသတင်း

ဒီမိကျောင်းကန်ကိစ္စရှင်း ပြီးရင် နောက်မိချောင်းကန် တွေ အများကြီး ထပ်ပေါ်လာလိမ့်မယ် မယုံရင်ကြည့်နေပါ။ သမ္မတကြီး ပျော့လွန်းပါသည်။ အစိုးရတစ်ဖွဲ့လုံး ဆင်းရှင်းတောင် ၅နှစ်အတွင်း ဒီကိစ္စတွေ ရှင်းမရပါ။ လူမုန်းခံရဲ ရပါမည်။ နောက်ဆို ပုဂံဘုရားတွေ တည်တုန်းက အနော်ရထာသိမ်းခဲ့တဲ့ မြေတွေအတွက်ပါ back dateဖြင့် ရှင်းပေးရပါမည်။ပိုင်ဆိုင်မူ ပြနိုင်သည့် မြေသိမ်းခံရသူများကို ဆိုလိုခြင်းမဟုတ်ပါ။ ပိုင်ဆိုင်မူ မပြနိုင်ပဲ ဆန္ဒပြသူများကို ဆိုလိုခြင်းဖြစ်ပါသည်။