၂၀၁၃ ခုနှစ်ကုန်ဆုံးဖို့ ရက်ပိုင်းအလိုပဲ ကျန်ပါတော့တယ်။ ၂၀၁၄ ခုနှစ်ကို ရောက်တာနဲ့ မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးတာဝန်ကို စတင်ထမ်းရွက်ရတော့မှာဖြစ်ပါတယ်။
အခုလို အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ထမ်းရွက်မယ့် မြန်မာအနေနဲ့ အာဆီယံ ဥက္ကဋ္ဌ ၂၀၁၄ ရဲ့ အင်တာနက် စာမျက်နှာ ကို ဖွင့်လှစ်ထားပြီး အာဆီယံ ဥက္ကဋ္ဌ လုပ်ငန်းဆောင်တာတွေနဲ့ သတင်းထုတ်ပြန်မှုတွေကို တင်ဆက်သွားမှာဖြစ်တယ် လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ ၂၀၁၄ ခုနှစ်ကို Moving Forward in Unity to a Peace and Prosperous Community ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဖော်ဆောင်သွားမယ်လို့ ရေးသား ထားပါတယ်။
အဆိုပါ ဝက်ဆိုက်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အလံတွေနဲ့ ဘာသာစကားတွေနဲ့လည်း ကြည့်နိုင်ပါ တယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲ့ အင်တာနက် ၀က်ဆိုက်လိပ်စာကတော့asean2014.gov.mm
ဖြစ်ပါတယ်။ ဤနေရာကတဆင့်လည်း ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ မြန်မာ ဝက်ဆိုက်ကို သွားကြည့်နိုင်ပါ တယ်။
အိမ့်သံစဉ် ~
.
0 comments :
Post a Comment