တရုတ်နိုင်ငံ အလယ်ပိုင်း ဟန်နန်နယ်၊ ကျန်ဇူ( Zhenzhou) မြို့က အသက် ၄၈ နှစ် အရွယ် ပင်ဝေကျင်း ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာ လှောင်အိမ်ထဲမှာပဲ ကြီးပြင်းလာရပါတယ်။
လှောင်အိမ်ထဲ နှစ် ၄၀ ကျော်နေရသူ ပင်ဝေကျင်း၊ ဓာတ်ပုံ- The Mirror
တွေ နဲ့ The Mirror သတင်းက ဖော်ပြထားပါတယ်။
မိခင်က ဝေကျင်းကို အစာခွံ့ကျွေးနေစဉ်
သားဖြစ်သူက သူ့ကိုယ်သူ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်မှာလည်း စိုးရိမ်သလို ဆေးကုဖို့လည်း မကြိုးစားခဲ့ပါဘူး။ ဒီလိုနဲ့ ပင်ဝေကျင်းဟာ လှောင်အိမ်အမျိုးမျိုးနဲ့ကြီးပြင်းလာရပါတယ်။
ပင်ဝေကျင်းရဲ့ မိခင်က “သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူးလေ” လို့ ပြောတယ်။
ငယ်ငယ်တုန်းက ဓားနဲ့ သူ့ကိုယ်သူ လှီးဖြတ်ခဲ့တာ အခါခါ၊ တခါတလေ မှန်ကွဲတွေနဲ့လည်း ကိုယ့်ကိုယ်ကို ဒဏ်ရာ ဖြစ်အောင် လုပ်တတ်တယ်လို့လည်း သူက ဆက်ရှင်းပြပါသေးတယ်။
“သူက လမ်းလျှောက်ရင်တောင်မှ လဲကျလို့ မျက်နှာတွေလည်း သွေးအလိမ်းလိမ်း ဖြစ်ရတယ်”လို့လည်း မိခင်က ပြောပါ တယ်။
အခုဆို ပင်ဝေကျင်းက အသက် ၄၈ နှစ် ရှိလာပြီဖြစ်သလို မိခင်ဖြစ်သူကလည်း အသက်က ၈၀ ဖြစ်လာ ပါပြီ။ ခင်ပွန်းက လည်း ဆုံးသွားတော့ သားဖြစ်သူ ဝေကျင်းအတွက် ပိုပြီး စိုးရိမ်သောကဖြစ်နေရပါတယ်လို့ မိခင်က ဆိုပါတယ်။
ဝေကျင်းရဲ့ မိခင်က သူသေသွားတဲ့အခါ သူ့သားကို စောင့်ရှောက်ဖို့အတွက် အခု လူတယောက်ကိုလည်း ရှာနေပြီး တွေ့ မယ်လို့တော့ မျှော်လင့်နေတယ်လို့ ဝေကျင်းရဲ့ မိခင်က ပြောပါတယ်။
ဝေကျင်းဟာ တကယ်တော့ အလွန်ကံဆိုးသူတဦးပါ။ ဘယ်လို ဝဋ်ကြွေးတွေလည်း ဆိုပြီး တွေးစရာ ရှိပါတယ်။ မိခင်ရဲ့ အစိုးရိမ် လွန်ကဲမှုလား၊ ရက်စက်မှုလား မဝေခွဲနိုင်ပါဘူး။ တရုတ် နိုင်ငံမှာ ဒီလို အဖြစ်မျိုးတွေ အတော်တွေ့ရတတ်တာ သတိ ထားမိပါတယ်။
မြန်မာနိုင်ငံမှာလည်း အကျဉ်းထောင်တွေထဲ နှစ်ပေါင်းများစွာနေခဲ့ရသူတွေနဲ့ပတ်သက်ပြီး ဒီသတင်းက အတွေးစ တခုပေး နေပါတယ်။
တရုတ်နိုင်ငံ ရုပ်/သံ CCTV က လည်း အခုလို တင်ပြသွားပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment