ဝိုင်နဲ့ အရက်တွေ ဈေးကြီး၊ ရှားပါးသွားရတဲ့ အကြောင်းအရင်း

Saturday, December 14, 2013

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က Mobile Team ၀င်ရောက်စစ်ဆေးခဲ့သော Premium Foodservice Products Co Ltd အနေဖြင့် စစ်ဆေးရန်ကျန်ရှိသော ၀ိုင်ပုလင်း  ၆၅,၀၀၀ အတွက် တရားဝင်တင်သွင်းခဲ့သော စာရွက်စာတန်း အထောက်အထားများပြသနိုင်သော်လည်း ယခုအချိန်ထိ စစ်ဆေးပေးခြင်း မရှိကြောင်း သတင်းရရှိပါသည်။



မြန်မာပြည်မှာ ထုတ်သော Grand Royal၊ မြန်မာဘီယာ၊ အေးသာယာ ဝိုင်တို့သာ အရောင်းစင်ပေါ်မှာ ကျန်သည်။ နိုင်ငံခြား အရက်နှင့် ဝိုင်များ ရှာမရတော့ (ဓာတ်ပုံ – Al Jazeera)

အဆိုပါနေ့က တွေ့ရှိခဲ့သောပစ္စည်းများအနက် အအေးခန်းပစ္စည်းများအတွက် ကုမ္ပဏီအမည်ဖြင့် တင်သွင်းခွင့်ရသော သွင်းကုန်လိုင်စင်မူရင်း၊ သွင်းကုန်ကြေညာလွှာမူရင်းတို့ကို တင်ပြပြီး စစ်ဆေးမှု ခံယူခဲ့ပါ သည်။ 

ကိုယ်ပိုင်ကုမ္ပဏီအမည်ဖြင့် တင်သွင်းခွင့်မရသော ၀ိုင်ပုလင်းများအတွက် 

၁။ Premium Foodservice Products Co Ltd ၏ စားသောက်ကုန်များ ဖြန့်ဖြူးပေးနေသော ဟိုတယ် အမည်ဖြင့် တင်သွင်းခွင့်ရသော သွင်းကုန်လိုင်စင်မူရင်း
 

၂။ Duty Free Shop မှရရှိထားသောပစ္စည်းများကို သင်္ဘောတင်အထောက်အထားနှင့် အခြားသော စာရွက် စာတန်းများ
 

၃။ ၂၀၁၃ ခုနှစ် မတ်လတွင် ပြည်တွင်းအခွန်ဦးစီးဌာန သွင်းကုန်စီမံချက်ဖြင့်ပေးဆောင်ခဲ့သော Custom Duty, Commercial tax နှင့် ဒဏ်ကြေးပေးဆောင်ခဲ့သော အထောက်အထားများ

တင်ပြခဲ့ရာ သက်ဆိုင်ရာ အနေဖြင့် စိစစ်လက်ခံနိုင်သောအနေအထားဖြစ်ကြောင်း သိရှိရပါသည်။ 


တရားဝင်တင်သွင်းခွင့်ရရှိသော လိုင်စင်သွင်းကုန်မူရင်းရှိနေသည့် Duty Free Shop ထံမှ မူရင်း အထောက် အထားများ ပြသပေးပါရန် မေတ္တာရပ်ခံခဲ့သော်လည်း လာရောက်ပြသမှုမရှိသည့်အတွက် Mobile Team အနေဖြင့် အဆိုပါအထောက်အထားများဖြင့်ပင် လက်ခံစစ်ဆေးပေးပါရန်နှင့် သို့မဟုတ်ပါက Duty Free Shop သို့ ဆင့်ခေါ်ပေးပါရန် ထပ်မံမေတ္တာရပ်ခံထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်အရ သိရှိရပါသည်။

ဒီကိစ္စတွေနဲ့ ဆက်စပ်ပြီး ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ Govt Crackdown on Imported Alcohol Intensifies, to Concern of Retailers   http://www.irrawaddy.org/business/govt-crackdown-imported-alcohol-intensifies-concern-retailers.html ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံဖော်ပြ ထားခဲ့သလို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာလည်း နိုင်ငံခြားအရက်များ မြေလျှိုးပြီး ဈေးနှုန်းက မိုးပျံ http://burma.irrawaddy.org/business/2013/12/11/52073.html  ဆိုတဲ့ သတင်းမှာလည်း ဖော်ပြထားပါတယ်။ 





.













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved