ပခုက္ကူ အာဆီယံလမ်းမကြီးနားမှာ မြေဈေးတွေတက်

Saturday, December 28, 2013

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံ မြဝတီကနေ ထိုင်းနိုင်ငံကို သွားမယ့် အာဆီယံလမ်းမကြီးဟာ ပခုက္ကူမြို့နားက ဖြတ်သွားမှာ ဖြစ်လို့ ပခုက္ကူတဝိုက် အိမ်ခြံမြေဈေးတွေ တက်လာတယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ ရက်ပိုင်း ကြေးမုံသတင်းစာကတော့ “ပခုက္ကူ ဒေသတွင် မြို့ရှောင်လမ်း အဆင့်မြှင့်တင်မည့် 
လေယာဉ်ကွင်း၊ ကြီး မားခံ့ ညား အရေးပါသော ဧရာဝတီ တံတားကြီး အပြင် ပုသိမ်- မုံရွာ- ပခုက္ကူ လမ်းမကြီး တို့ကြောင့် ဒေသ၏ ဖွံ့ဖြိုးမှုနှင့် စီးပွားရေး သမားအချို့ ကြောင့် မြေဈေးများ မြင့်တက် ရောင်း ဝယ် လာကြောင်းလည်း သိရသည်” လို့ ဖော်ပြထားပါတယ်။ 

အာဆီယံပတ်လမ်း ဖောက်လုပ်ရာ မြန်မာနိုင်ငံတွင်း ဖြတ်သန်းသွားမယ့် အခြားနေရာတွေမှာလည်း အလားတူ အိမ်ခြံမြေ ဈေးတွေ တက်လာတယ်လို့ ဒေသခံတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက ဧရာဝတီကိုပြောကြပါတယ်။ 

ပခုက္ကူနယ်ဘက်မှာတော့ ၂ဝ၁ဝ ပြည့်ကတည်းက အိန္ဒိယ ပညာရှင်တွေက ပခုက္ကူမြို့နယ် လင်းက ရွာမှာ အခြေစိုက်ကာ လမ်းအူကြောင်းရှာဖွေခဲ့ကြပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလဆန်းကလည်း လင်းက၊ ဝါးသုံးအိုင်၊ ဝါးကံ၊ ကျောက်ဖူးရွာတွေအနီး ကနေ အာဆီယံလမ်းမကြီးဖြတ်သန်းသွားဖို့ အမှတ်အသားတွေလည်း လုပ်နေတယ်လို့ စာရေးဆရာ ဒေါက်တာ သက်လွင် ကို ကိုးကားပြီး ကြေးမုံသတင်းက ဆိုထားပါသေး တယ်။ 

အိန္ဒိယ-မြန်မာ- ထိုင်း အာဆီယံပတ်လမ်းမကြီးကြောင်း ပခုက္ကူဒေသခံတွေလည်း တိုးတက်လာမယ့် အရိပ်အယောင်တွေ မြင်ရတော့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို မျှော်လင့်ပြီး ဝမ်းမြောက်
နေကြတယ်လို့လည်း ဆိုပါတယ်။ 



အိမ့်သံစဉ် ~



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved