ဦးသိန်းစိန်အစိုးရကို စစ်တပ်က ချီးကျူးလိုက်ခြင်း

Saturday, December 28, 2013

~

 
ဦးသိန်းစိန်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စစ်တပ်က ချီးကျူးလိုက်ပါတယ်။

ဆီးဂိမ်းကို အောင်အောင်မြင်မြင် ကျင်းပခဲ့တဲ့ သမ္မတကြီးဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအတွက် တပ်မတော်က ဂုဏ်ယူပါကြောင်း ၂၄ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြော်ငြာ ထည့်ခဲ့တာပါ။


ဆီးဂိမ်းမှာ နိုင်ငံအလိုက် ဒုတိယအဆင့်ရအောင် ကြိုးစားခဲ့တဲ့အားကစားသမားတွေကိုလည်း ချီးကျူးထားပါတယ်။


(အလားတူ ကြော်ငြာတွေကို ၂၇ ရက်နေ့ ကြေးမုံသတင်းစာမှာ အဖွဲ့/ဌာန တချို့က ထည့်သွင်းထားတာ တွေ့ရမှာပါ။)

ဦးသိန်းစိန်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စစ်တပ်က သတင်းစာကြော်ငြာထည့်ပြီး ချီးကျူးစကားဆိုခြင်းက စစ်တပ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတယ် ဆိုတာကို ပြသတာပဲ လို့ သုံးသပ်သူတွေ ရှိလာနိုင်ပါတယ်။

တချို့ကတော့ ... စစ်တပ်မှာလည်း ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်တယ်၊ အစိုးရထိပ်သီးတွေကလည်း ဗိုလ်ချုပ်ကြီးတွေပဲ ဆိုတော့ ဒီကြော်ငြာက ကြော်ငြာသက်သက်ပါပဲ လို့ မြင်ပါလိမ့်မယ်။

ဖြစ်နိုင်ချေတခုကို စဉ်းစားမိတာက ...
ကချင်ပြည်နယ်ဘက်က တိုက်ခိုက်မှုတွေ ရပ်သွားတဲ့အခါကျရင် "ငြိမ်းချမ်းရေး လိုလားတဲ့ တပ်မတော်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း)" ဆိုပြီး အစိုးရသတင်းစာထဲမှာ ဦးသိန်းစိန်ကြီးက ကြော်ငြာထည့်လာဖွယ် ရှိပါတယ်။

  ဆက်စပ်သတင်း -




.

1 comments :

  1. Anonymous said... :

    ဦးမင်းအောင်လှိုင်ရဲ့ အနေအထိုင်တတ်မူ အမြှော်အမြင်ကြီးမူကို တစ်ဖြည်းဖြည်းခြင်း ကြိုက်လာပြီ။ တပ်မတော် (ကြည်းရေလေ)မိသားစု ဆိုပြီးအမြဲတမ်း မကြာခဏ သတင်းစာထဲက အမျိုးမျိုး ကြေငြာတာ တပ်တွင်းစည်းရုံးရေးလည်း ဖြစ်သွားနိုင်သလို တပ်နဲ့အစိုးရနဲ့ တစ်ခြားပါတီတတွေနဲ့ကို သီးခြားလည်း မြင်လာစေတယ်။တိုင်းလိုပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved