ဖျာလေးတစ်ချပ် လိုချင်တယ်

Tuesday, December 3, 2013

~


  
 


ခင်းဖို့ ဖျာသစ်လေး တစ်ချပ်လိုချင်ပါတယ်။

အမေ အိပ်နေတဲ့ ဖျာလေးက
ထောင့်တွေ စုတ်လို့ ဟောင်းလှပြီ။

အဖေ့ ကျောက ချွေးကွက်တွေနဲ့
နွမ်းလှပါပကော။

သြော်... ဖျာလေးဘယ်လိုရက်
ရော်.. ငါမတတ်ပါလား။

မြေမဲ့၊ ယာမဲ့၊ နည်းပညာမဲ့တဲ့ငါ
ဖျာလေးတစ်ချပ်အတွက်
မြ၀တီတောင်တန်းဆီသွားရမလား။
ရွှေလီမြစ်ကမ်းနံဘေးကို သွားရမလား။
ဒါမဟုတ် ရန်ကုန်ကိုလား။
နေပြည်တော်ကိုလား။

အမေ့အတွက်
ဖျာသစ်လေးတစ်ချပ် လိုချင်တယ်။

ဘာရာဒွါဂျာ (မြန်မာပြည်)



.

1 comments :

  1. Anonymous said... :

    ချမ်းသာတဲ့သူတိုင်း ဆင်းရဲတဲ့သူတိုင်းမှာ အတိတ်ကံအပါအ၀င် သူ့အကြောင်းနဲ့သူ အများကြီး ရှိပါတယ်။ ကျွန်တော်ကတော့ လူကြီးတွေကို ဖားပြီးအောင်မြင်တဲ့သူတွေတွေ့နေလည်းကိုယ်မလုပ်ချင်ပေမဲ့ တော်လိုက်တာ ငါမဖားတတ်ဘူး ။ဒါပေမဲ့ ဒါလည်း သူတို့အရည်အချင်းပဲလို့တော့ အသိအမှတ်ပြုတယ်။ တစ်ယောက်နဲ့ တစ်ယောက် valueခြင်း မတူတဲ့အတွက် မနာလိုခြင်း အားကျခြင်း ဘာမှမဖြစ်မိဘူး။ ပွဲလန့်တုန်း ဖျာခင်းခွင့် ရခဲ့ရင်လည်း ကိုယ့်မာနက ခွင့်ပြုမယ်မထင်လို့ ကျေကျေနပ်နပ် မတ်တတ်ရပ်ပဲ ကြည့်လိုက်မိမယ် ထင်တယ်။ ထင်တာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved