ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ခရစ်စမတ်တည

Thursday, December 26, 2013


ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်ပွဲတော်ကို ကမ္ဘာတစ်ဝှမ်းက တချိန်တည်း တပြိုင်တည်းမှာ ကျင်းပကြသလို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် လန်းပွန်းမြို့မှာ လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ စုပေါင်းပြီး ခရစ်တော်မွေးတဲ့ ခရစ်စမတ်ပွဲတော်ကို စည်စည် ကားကား ကျင်းပကြပါ တယ်။  

ချင်းမိုင်က ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ခရစ်စမတ်ပွဲတော်၊ ဓာတ်ပုံ- ငြိမ်းဇော်

နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ပွဲတော်ကို ကျင်းပကြပေမဲ့ ဒီနှစ်မှာတော့ တကွဲတပြားဖြစ်နေတဲ့ ခရစ်ယာန်တွေ ကို ပြန်လည်စုစည်းနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ဘော်လုံးပြိုင်ပွဲ ချင်းလုံး၊ ဘော်လီဘော် စတဲ့ အားကစား
တွေကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။ 

ကက်သိုလိပ် မြန်မာအလုပ်သမားတွေအတွက် ချင်းမိုင်မြို့မှာ ဘုရားဝတ်ပြုဖို့နေရာကအစ အခက်အခဲ 
တွေ့ကြုံနေကြရပါတယ်လို့ သိရပါတယ်။ 



ဘုရားကျောင်းဆောင်ရယ်လို့ အတိ အကျမရှိဘဲ အခုလို ပွဲတော်ရက်တွေမှာဆိုရင် ဘာသာဝင်တွေဟာ နီးစပ်ရာနှစ်ချင်း အသင်းတော်ကျောင်းတွေမှာ သွားရောက်ပါဝင်ဆင်နွဲကြရတာပါ။ 



ဒီနှစ်မှာတော့ ချင်းမိုင်မြို့နယ်ခရိုင်ထဲက လန်းပွန်းမြို့မှာ ရှိတဲ့ ထိုင်း (Saint Francis of Assisi) ကက်သိုလိပ် ဘုရားကျောင်းတော်က အကူအညီနဲ့ ချမ်းအေးလှတဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်ပွဲတော် ကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခဲ့ကြတာဟာ ချင်းမိုင်ရောက် မြန်မာကက်သို လိပ်ဘာသာဝင် တွေ အတွက် ထူးခြားတဲ့ ကျေးဇူးတော်တစ်ရပ်လို့ ပြောရမှာပါ ခင်ဗျာ။ 







ငြိမ်းဇော် ~ 






.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved