အကောက်ခွန်မဲ့ ပစ္စည်း ၁၁ ရက်အတွင်း သိန်း ၁၅ဝ ကျော်ဖိုး သိမ်းဆည်း

Thursday, December 26, 2013

ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်က ဆိပ်ကမ်းတွေကနေ တရားမဝင်တင်သွင်းတဲ့ အကောက်ခွန်မဲ့ ကုန်ပစ္စည်း
တွေ ဖမ်းနေတာ ၁၁ ရက်တာအတွင်း ကျပ် သိန်း ၁၅ဝ ကျော်ဖိုး သိမ်းဆည်းမိတယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- ကြေးမုံ

ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ပစ္စည်းကျပ် ၂၅၄ သိန်းကျော်ဖိုး ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများ မှ ၁၁ ရက်အတွင်းဖမ်းမိကြောင်း အကောက်အခွန်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ကြေးမုံ သတင်းစာက ဆိုပါတယ်။ 

ဖမ်းဆီးမိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေထဲမှာ အလှကုန်ပစ္စည်း၊ တရား မ၀င်ဆေးဝါး၊ ကော်ဖီမှုန့်၊ စီစီတီဗွီ ကင်မရာ၊ လက်ပတ်နာရီ၊ Exhaust Fan တွေ ပါဝင်ပြီး အကောက်အခွန်မဲ့ ဥပဒေနဲ့ အရေးယူထားရာ အမှု တွဲ ၁၁ မှုခန့် ရှိတယ်လို့လည်း ကြေးမုံသတင်းစာ စာမျက်နှာက ဆိုပါတယ်။ 

“၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင် ဘာ ၃၀ ရက်အထိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် သင်္ဘော ဆိပ် များ မှ စုစုပေါင်းအမှုတွဲ ၂၄၁ မှုဖြင့် စုစုပေါင်းခန့် မှန်း တန်ဖိုး ၁၂၁၇၄ ဒသမ ၅၁ သိန်းခန့် နှင့် နယ် စပ် ၀င်ပေါက်များ မှ အမှုတွဲ စုစု ပေါင်း ၂၈၃ မှု၊ ခန့်မှန်းတန်ဖိုး ၁၇၅၉၁ ဒသမ ၇၈ သိန်းခန့် စုစုပေါင်း အမှုတွဲ ၅၂၄ မှု၊ ခန့်မှန်းတန် ဖိုး ကျပ် ၂၉၇၆၆ ဒသမ ၂၉ သိန်းခန့်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကာ အကောက်ခွန် ဥပဒေ များ အရ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်” လို့လည်း သတင်းမှာ ဆက်ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ် ~ 




.

1 comments :

  1. Anonymous said... :

    လေဆိပ်ကနေ စီးပွားဖြစ် မှောင်ခိုသွင်း တလသွင်းတာတင် တနှစ်လုံးမိတာထက် ပိုများပါမယ်။ ပြသနာက အတွင်းလူ ဝန်ထမ်းများ ကိုယ်တိုင်ပါဝင်နေခြင်းပါ။ အောက်ခြေဝန်ထမ်းလဲပါတယ်၊ တာဝန်ခံလို အရာရှိတွေလဲ မကင်းဘူး၊ ပက်သက်ရာ ပက်သတ်ကြောင်းတွေဆို လက်ညှိုးထိုးမလွဲ။ စစ်ဆေးရေးလို ရှောင်တခင် အဖွဲ့တွေ ဝင်တဲ့နေ့ကလွဲရင် အေးဆေးပါ။ ဒေါ်လာ ထောင်ဂဏန်းဖိုးကို လဖက်ရည်ဖိုး ဒေါ်လာ သုံးလေးဆယ်နဲ့ အသာလေး လဲပြီး စီးပွားဖြစ်နေကြတာ။ တပိုင်တနိုင်သယ်တာ ထားတော့ အခုဟာက အိတ်ကြီးအိတ်ငယ် အသွယ်သွယ်နဲ့ စီးပွားဖြစ် လုပ်နေကြတာ ကြာပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved