ချင်းမိုင်မြို့ရဲ့ ရှမ်းနှစ်သစ်ကူး

Wednesday, December 4, 2013

မြန်မာနိုင်ငံသား ရှမ်းလူမျိုး အမြောက်အများ နေထိုင်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ယခုနှစ် ကျ
ရောက်တဲ့ ရှမ်းသက္ကရာဇ် ၂၁၀၈ ခုနှစ်အတွက် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်
နေ့ ထိ ကျင်းပခဲ့ပါတယ်။ 


 (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ) 

ချင်းမိုင်အခြေစိုက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ဦးဆောင်ပြီး ချင်းမိုင်မြို့ ၀ပ်ဒ်ကုတောက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ ကျင်းပတာဖြစ်ပြီး နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ် လည်း လာရောက် ဖျော်ဖြေခဲ့ပါတယ်။ 

ဒီဇင်ဘာလ ၂ ရက်နေ့ ည သန်းခေါင်ကျော်တာနဲ့ ရှမ်းနှစ်သစ် ၂၁၀၈ ခုနှစ်ကို ကူးပြောင်း ၀င်ရောက် လာတာဖြစ်ပါတယ်။ 

အခုလို ရှမ်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလာလေ့ရှိရာ တချိန်က စော်ဘွား အဆက်ဆက်ရဲ့ ဓာတ်ပုံ
တွေ အပါအ၀င် ရှမ်းသမိုင်းကြောင်းတွေလည်း ရှမ်းရိုးရာယဉ်ကျေးမှု ဆိုင်ရာ ပြခန်းတွေ၊ ရှမ်း ရိုးရာ အစား အသောက်ဆိုင်တွေ၊ အထည်ဆိုင်တွေ၊ လက်မှုပစ္စည်းဆိုင်တွေလည်း ရှိပါတယ်။ 

ချင်းမိုင် ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ကတော့ ထိုင်းနိုင်ငံမှာ ၂၀၁၁ ခုနှစ်က တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့တဖွဲ့လည်းဖြစ်ပြီး ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ပျောက်ကွယ်မသွားစေရေး ထိမ်းသိမ်းတဲ့ လုပ်ဆောင် မှုတွေ  ဖော်ဆောင်နေပါတယ်။ 























0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved