ဆီးဂိမ်းပြိုင်ပွဲမှာ ပထမဆုံး ရွှေတံဆိပ်ကို မြန်မာနိုင်ငံက ဆွတ်ခူးလိုက်ပါပြီ

Wednesday, December 4, 2013

~


 


ဆီးဂိမ်းပြိုင်ပွဲမှာ ပထမဆုံး ရွှေတံဆိပ်ကို မြန်မာနိုင်ငံက ဆွတ်ခူးလိုက်ပါပြီ။
ဒီကနေ့ ဒီဇင်ဘာ ၄ ညနေပိုင်း အမျိုးသမီးခြင်းလုံးခတ်ပြိုင်ပွဲမှာပါ။ ပြိုင်ပွဲကို မြန်မာ့ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပါတယ်။

ပြိုင်ပွဲဝင်တဲ့နေရာမှာ အမျိုးသမီးအသင်းကို တခဲနက် အားပေးနေကြတဲ့ မြန်မာပရိသတ် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသမီးခြင်းခတ်အဖွဲ့ဝင် ၆ ဦးက လှလှပပ ပိုင်ပိုင်နိုင်နိုင် အစွမ်းပြသွားတာ တွေ့ရပါတယ်။

အခု ဒီပို့စ် ရေးနေချိန်မှာတော့ အမျိုးသား ခြင်းလုံးခတ်ပြိုင်ပွဲမှာ မြန်မာအသင်း အစွမ်းပြနေပါပြီ။

အစိုးရ ပြန်ကြားရေးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရတဲ့ ထုတ်ပြန်ချက် ၃ ခုကို ကူးယူ ဖော်ပြလိုက်ပါတယ်။





အမျိုးသမီး ခြင်းလုံးခတ်ပြိုင်ပွဲ
************************

၁။ မြန်မာအသင်း ပထမ ရွှေတံဆိပ်

၂။ ထိုင်းအသင်း ဒုတိယ ငွေတံဆိပ်

၃။ မလေးရှားအသင်း၊ ကမ္ဘောဒီးယားအသင်း တတိယ ကြေးတံဆိပ် ပူးတွဲ

ပထမဆုံး ရွှေတံဆိပ်ဆု မြန်မာအမျိုးသမီး ခြင်းလုံးအသင်းမှ ဆွတ်ခူး

*********************************

မြန်မာအမျိုးသမီး ခြင်းလုံးအသင်း( ၁၇၈ )မှတ် စုစုပေါင်း ရမှတ်(၅၃၅) မှတ်
ထိုင်းအမျိုးသမီးခြင်းလုံးအသင်း( ၁၃၄)မှတ် စုစုပေါင်း ရမှတ်(၃၇၅) မှတ်
မြန်အသင်းဟာ ပထမပွဲစဉ်မှာ ပွဲငယ်သုံးပွဲလုံး အနိုင်ရရှိထားပါပြီ။
မြန်မာအမျိုးသမီး- (၁၇၅) (၁၈၂) ( ၁၇၈ ) စုစုပေါင်း ( ၅၃၅ ) မှတ်
ထိုင်းအမျိုးသမီး - (၁၁၄) ( ၁၂၇) ( ၁၃၄ ) စုစုပေါင်း ( ၃၇၅ ) မှတ်


မြန်မာအမျိုးအသီး ခြင်းလုံးအသင်းအတွက် ချီးမြှင့်မည့် ရွှေတံဆိပ်ဆု

အမျိုးသားခြင်းလုံးပြိုင်ပွဲ စတင်ပါပြီ

**************************

မြန်မာအမျိုးသား ခြင်းလုံးအသင်း Vs ထိုင်းအမျိုးသား ခြင်းလုံးအသင်း

ပွဲငယ်(၃)ပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပွဲငယ်တစ်ပွဲလျင် ၁၀ မိနစ်ကြာမှာ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved