မြန်မာ- အင်ဒို ဘောလုံးပွဲ အဓိကရုဏ်း

Tuesday, December 17, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမြန်မာနှင့် အင်ဒိုနီးရှားဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ဒီဇင်ဘာလ (၁၆) ရက်နေ့ကယှဉ်ပြိုင်ကစားခဲ့ကြသည်။ 




 ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ
ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ သရေ  ရလဒ်အနည်းဆုံးရမှသာ အုပ်စုမှ တတ်နိုင်မည့် အိမ်ရှင် မြန်မာ အသင်းသည် အင်ဒို အသင်းကို တစ်ဂိုး - ဂိုး မရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုမှ ထွက်ခွာခဲ့ရသည်။ 



ပွဲမပြီးဆုံးမီ ပရိသတ်များသည် ကွင်းအတွင်းဝင်ရောက်မှုရှိခဲ့သဖြင့် ထိန်းသိမ်းမှုများပြုလုပ်ခဲ့ ရပြီး ပြိုင်ပွဲ 
ပြီးဆုံးချိန်တွင်လည်း စည်းကမ်းမဲ့ပရိတ်သတ်အချို့မှ ထိုင်ခုံများ ရိုက်ချိုး ပစ်ပေါက်ခြင်း၊ ကွင်းအတွင်း မီးရှို့ခြင်းများပြုလုပ်ခဲ့သည်။ 

ကွင်းပြင်ပတွင်လည်း အကျီများ ခေါင်းစည်းများမီးရှို့ခဲ့ကြကာ မြန်မာအမျိုးသား အသင်းပုံပါ ကြော်ငြာ ဆိုင်းဘုတ်တခုကိုလည်း မီးရှို့ဖျတ်ဆီးခဲ့ကြသည်။ 

လုံခြုံရေးတပ်ဖွဲဝင်များ ရှင်းလင်းချိန်တွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်ခဲ့သည်။ 

ပရိသတ်များမှ ခဲလုံးများဖြင့် အဆတ်မပြတ် ပစ်ပေါက်မှုများကြောင့် မီးသတ်ရေပိုက်ဖြင့် ရေဖြန်းကာ ရှင်းလင်းမှုများပြုလုပ်ခဲ့ရသည်။ 

ပရိတ်သတ်ဆယ်ဂဏန်းခန့် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။ 

အဆိုပါ အခင်းဖြစ်ပွားမှုများကြောင့် ဝေဇယန္တာလမ်းမနှင့်လေးထောင့်ကန်လမ်းမကို ည ၁၁ နာရီကျော် အထိပိတ်ဆို့ထားခဲ့ရသည်။ 

ယမန်နေ့ညက မြန်မာ- အင်ဒို ဘောလုံးပွဲ မြင်းကွင်းများကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် စိုင်းဇော် က အခုလို မှတ်တမ်း တင်ထားပါတယ်။ 






 ကွင်းထဲ ဝင်လာတဲ့ ပရိသတ်ကို ဒီလို ဖမ်းဆီးခဲ့ရတယ်
 မြန်မာ ဘောလုံး အသင်း ရှုံးလို့ ဒီလို ငိုသူတွေ ရှိတယ်

 ဒီလို မီးရှို့သူတွေလည်း ရှိတယ်



 ဘောလုံးပွဲ အဓိကရုဏ်း မြင်ကွင်းတချို့














စိုင်းဇော် ~ 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved