ရှမ်းလူငယ်များတွေ့ဆုံနှီးနှောပွဲ မန္တလေးမှာ ကျင်းပ

Tuesday, December 31, 2013

~



 မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ်များတွေ့ဆုံနှီးနှောပွဲကို ဒီဇင်ဘာ ၂၇ သောကြာနေ့မှ စတင်ပြီး မန္တလေးမြို့ကျွဲဆည်ကန်ရပ်   ရှမ်းဘုန်းကြီးကျောင်းတွင် သုံးရက်ကြာ   ကျင်းပပြုလုပ်ခဲ့သည်။

 



 တွေ့ဆုံနှီးနှောပွဲတွင်
- စာပေနှင့် ယဉ်ကျေးမှု၊
- ရွေ့ပြောင်းအလုပ်သမား၊
- မူးယစ်ဆေးဝါး
- လူငယ်စွမ်းရည်မြှင့်တင်ရေး
စသည့် ကဏ္ဍများကို ဆွေးနွေးကြကြောင်း ရှမ်းလူငယ်များ  ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်းက ဧရာဝတီသို့ပြောသည်။

“ မြန်မာပြည်အရပ်ရပ်က ရှိတဲ့ ရှမ်းလူမျိုး အယောက် ၂၅၀ ကျော်တက်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ကင်းကွာနေတဲ့ ရှမ်းလူငယ်တွေ ပြန်လည်တွေ့ဆုံတဲ့ ပွဲလည်း ဖြစ်ပါသလို ကျနော်တို့ ရှေ့ဆက်ဘာတွေဆက်လုပ်ကြမှလဲ ဆိုတာလည်း ဆွေးနွေးတဲ့ပွဲလေးပါ” ဟု စိုင်းဆိုင်မိန်းက ပြောသည်။

 မူးယစ်ဆေးဝါး သည် လူငယ်များကြား ကြီးမားသည့် ခြိမ်းခြိမ်းမှုတခုကို အားလုံးလက်ခံကြကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ မိသားစုနှင့်အတူတကွ မြန်မာပြည်တွင် လုံခြုံပြီး အေးချမ်းလွတ်လပ်စွာ ပြန်လည်နေရာချနိုင်ရေး အတွက် သက်ဆိုင်သူများ အားလုံးကို တောင်းဆိုထားကြောင်း ၎င်းက ထပ်မံပြောသည်။

“တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား ကွန်ရက်တွေကို ပါ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်။
 ရှမ်းလူငယ်တွေရဲ့ အသံကို ကိုယ်စားပြုတဲ့ အသံတခု ထွက်ပေါ်လာအောင်လုပ်ဆောင်သွားမယ်” ဟု ရှမ်းလူငယ်ကွန်ရက်မှ   စိုင်းဆိုင်လှိုင်းက ဧရာဝတီသို့ပြောသည်။

  ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုတခုဖြစ်တဲ့ ရှမ်းနီအရေးနှင့် ပတ်သက်ပြီး  ဆွေးနွေးခြင်း မရှိသေးကြောင်း  သိရသည်။

တွေ့ဆုံနှီးနှောပွဲကို ကျေနပ်အားရမိသည်ဟု တက်ရောက်သည့်   အမျိုးသားတဦးကဧရာဝတီသို့ပြောသည်။

“မြန်မာပြည်မှာ ရှိတဲ့ ရှမ်းလူငယ်တွေအားလုံး တွေ့ဆုံပြီး မိမိနေထိုင်တဲ့ဒေသအချိန်တွေ လူငယ်စွမ်းရည်မြှင့်တင်ရေးတွေ၊ မူးယစ်ဆေးဝါးပြသာနေတွေ ဆွေးနွေးတာ အရမ်းကို ကောင်းပါတယ်။ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်ကြမှာလဲ ဆိုတာလဲ စီစဉ်လို့ရတာပေါ့” ဟု သူက ဆိုသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved