မြန်မာ- ထိုင်း ဘောလုံးပွဲ ၁ ဂိုးစီ သရေကျ

Saturday, December 14, 2013


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲရဲ့ ဒီကနေ့မှာ
တော့ မြန်မာနိုင်ငံအသင်းနဲ့ ထိုင်းနိုင်ငံအသင်းတို့ဟာ ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်က စတင်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ကွင်းမှာ ကစား ကြရမှာ ၁ ဂိုးစီ သရေနဲ့ ပွဲ ပြီးဆုံးသွားခဲ့ပါ တယ်။ 

 
မြန်မာအသင်းက အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူနှင့် ခြေအိတ်အဖြူတို့ကို ဝတ်ဆင်ထားပြီး ထိုင်း အသင်းက အင်္ကျီအနီ ဘောင်းဘီအနီ နှင့် ခြေအိတ်အနီတို့ ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ၂ သင်းလုံးက အမှတ်တူ ၆ မှတ်စီ ရထားကြပြီး ဒီကနေ့ သရေကျသွားတဲ့ အတွက် ၁ မှတ်စွဲ ခွဲယူပြီး ရမှတ် ၇ မှတ်နဲ့ ပွဲစဉ် ပြီးဆုံး သွား တာပါ။

ပွဲစပြီး ပထမပိုင်း မိနစ် ၃၀ ကျော်လာတဲ့အထိ အိမ်ရှင်မြန်မာနဲ့ ထိုင်းအသင်းတို့ ဘယ်သူမှ ဂိုး မသွင်းနိုင်ခဲ့ ပါဘူး။ ဒါပေမယ့် ပထမပိုင်း ၃၄ မိနစ်မှာတော့ မြန်မာအသင်း ကျောနံပတ် ၈ အစား ဝင်ရောက်လာတဲ့ 
ကျောနံပတ် ၁၂ နေလင်းထွန်းက ဦးဆောင်ဂိုး သွင်းလိုက်နိုင်ပါတယ်။ 

ပထမပိုင်း ပြီးသွားတဲ့ အထိ မြန်မာက ၁ ဂိုး ထိုင်းက ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ မြန်မာအသင်း ကစား ကွက် တွေနဲ့ ထိုးစစ်တွေက ထိုင်းအသင်းကို အတော် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ဒုတိယပိုင်း ပြန်အစမှာပဲ ၁ မိနစ်ကျော်မှာပဲ ထိုင်းအသင်း ကျောနံပါတ် ၁၅ က ပြစ်ဒဏ်ဘော က တဆင့် ပထမဆုံး ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း မြန်မာအသင်း ခြေစွမ်း အားနည်း လာပါတယ်။ မြန်မာအသင်း ခံစစ်ဘက်ကို ပြောင်းကစား လာ ရပြီး ထိုင်းဘက်က ထိုးစစ်ကို ဆက်တိုက်ဆင် လာနိုင်ခဲ့ပါတယ်။ 

မြန်မာအသင်းက ဂိုးသွင်းဖို့ အခွင့်အရေး ၂ ကြိမ် ရခဲ့ပေမယ့် ကျော်ဇေယျာ ဝင်း ၂ ကြိမ်လုံး လွဲခြော်ခဲ့ပါ တယ်။ 

ဒုတိယပိုင်း ကစားပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာမှာတော့ အဝင်အထွက်ကြမ်းမှုတွေနဲ့ ပြစ်ဒဏ်
ဘောတွေ က ၂ ဘက်လုံးမှာ များလာပါတယ်။ 

ကံကောင်းစွာနဲ့ ပြစ်ဒဏ်ဘော တခုကနေ မြန်မာအသင်း တဂိုး ထပ်မံ သွင်းလိုက်နိုင်ပေမယ့် လူကျွံနေလို့ မရခဲ့ပါဘူး။ 

ဒီနောက်ပိုင်း ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ဟာ တွန်းတွန်းတိုက်တိုက် ကစားလာကြပါတယ်။ ထိုင်း အသင်း ရဲ့ အချိန်ဆွဲမှုတွေကြောင့် တောင်ကိုရီးယား ကွင်းလယ်ဒိုင်ကလည်း အဝါကတ်တွေ ခဏခဏ ထုတ်ပြရပါ တယ်။ 

မြန်မာအသင်းကတော့ ကွင်းလုံးပြည့်နီးပါး အားပေးမှု တခဲနက်ရရှိခဲ့ပါတယ်။

မြန်မာနှင့် ထိုင်းဘောလုံး အသင်းတွေမှာ ဒီကနေ့ ကစားသွားကြတဲ့ အားကစားသမားတွေ ကတော့ 
အောက်ပါအတိုင်းဖြစ်ပါတယ်။ 

 မြန်မာ - ပြည့်ဖြိုးအောင် (1-GK) ကျော်ဇေယျာဝင်း (အသင်းခေါင်းဆောင်) (7-MF) ဒေးဗစ်ထန် (11-MF) ရန်အောင်ဝင်း (5-MF) ကျော်ကိုကို (10-FW) အောင်ဇော် (17-DF) စည်သူအောင် (2-DF) ကျော်မင်းဦး (19-FW) ဇော်မင်းထွန်း (3-MF) ရဲလင်းအောင် (14-FW) ကြည်လင်း (8-MF) တို့ ဖြစ်ကြပြီး အရံ ကစားသမားတွေ အဖြစ် - သိန်းသန်းဝင်း (16-DF) ဇံဗိုလ်ထွန်း (15-DF) ကျော်ဇင်ဖြိုး (18-GK) 
အောင်ဟိန်းကျော် (4-DF) ကောင်းစည်သူ (9-MF) နိုင်လင်းဦး (6-MF) သက်နိုင် (20-FW) ဆက်ဖြိုးဝေး (13-MF) တို့ ဖြစ်ပါတယ်။ 

ထိုင်းအသင်းကတော့  - Theerathon Bunmathan © (3-DF) Pakorn Parmpak (14-MF) Praweenwat Boon Yong (15-DF) Pokklaw A Nan (10-MF) Thitiphan Puangjian (7-MF) Charyl Yannic Chappuys (12-MF) Sakolwach Sakolla (4-DF) Adisak Kraisorn (9-FW) Atit Dasawang (8-DF) Kroekrit Thawikan (24-MF) နှင့် အရံကစားသမားများအဖြစ် - Chutipon Tongtae (17-FW) Perapat Notechaiya (2-DF) Chananan Pombubpha (20-FW) Narubadin Weera watndom (13-DF) Tanaboon Kesarat (23-MF) Chanin Sae-ear (22-GK) Sarawut Masuk (30-MF) တို့ ဖြစ်ကြပါတယ်။ 




အိမ့်သံစဉ် ~ 






1 comments :

  1. Unknown said... :

    It's not an outstanding achievement of esteemed toilsome,but I can't help paying applaud to each and every ones of that team.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved