နေပြည်တော်ဆီးဂိမ်းမှာ အား/ကာညွှန်မှူးက ကားမှန်ရိုက်ခွဲ
Monday, December 16, 2013
ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ် ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။ 
“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်
လောက် ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ”ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးဝင်း ကပြောသည်။ 
ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်း ကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရ ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ 
“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော်ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေးမယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ရဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်” ဟု ကိုဗညားက ဆိုသည်။ 
“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်” ဟု လည်း ကိုဗညား ပြောသည်။ 
နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။ 
ထက်နိုင်ဇော် ~ 
6 comments :
  1. Mu said... :
  1. Aung Win said... :
    မည်သည့်ရာထူးနဲ့  ဖြစ်ဖြစ် ကားမှန်ရိုက်သော၊ အကြမ်းဖက်မှုကို သူတပါး ပိုင်ဆိုင်မှုအပေါ် ကျူးကျော် စော်ကားရန်၊ မလုပ်သင့်ပေ။ တပါးသူ ပိုင်ဆိုင်သော ပစ္စည်းအား၊ ဖြစ်ဆီးမှုဖြင့်၊ တိတိကျကျ ထိထိရောက်ရောက် အရေးယူသင့်သည်။ သို့ မဟုတ်ပါက နောင်လာနောက်သားများ ရာထူးရှိလာလျှင် ဖြေရှင်းရမည့် အမှန် နည်းလမ်းဟု၊ မှတ်ယူသွားပေမည်။ ဤအပြုအမူရှိသူအားလည်း၊ ညွှန်ကြားရေးမှုးရာထူး ပေးအပ်ရန်၊ လုံးဝ မသင့်တော်ပေ။ မရပ်ရသော နေရာတွင် ရပ်ထားသောကားအား မော်တော်ယာဉ် ထိမ်းသိမ်းရေး သက်ဆိုင်ရာဋ္ဌာနမှ၊ လိုအပ်သလို ဆောင်ရွက် အရေးယူ ရန်သာ ရှိပေသည်။ ရာထူးကြီးသဖြင့်၊ မထေမဲ့မြင် အာဏာအားကိုးဖြင့်၊ စိတ်ရှိတိုင်း မောက်မာ ရိုင်းစိုင်းသော ကျူးကျော်မှုကို၊ ကြွားဝါ၍၊ ပြုတတ်သော အောက်တန်းကျ စိတ်ဓါတ် ပိုင်ရှင်တို့ အား၊ ရာထူးမှ မတန်သဖြင့် ထုတ်ပစ်ရန်၊ တိုက်တွန်းရပါသည်။
  1. Ko Gyi said... :
    The best way to take action against the owner of car is making wheel lock and put the notice on the windscreen to let the person know that who to contact to settle the matter. How to develop our country with such a brainless official from government. I believe he is not the only one in the civil servants to educate and they may be more people to train and educate them to serve the public with respect and friendly manner.
  1. Unknown said... :
    ဘာမှမေ၇းထားပဲနဲ့ဘယ်သူကသိမှာလဲအပြင်ကဈေးဝယ်ဖို့လာတဲ့သူလဲ ရပ်ရင်ရပ်မှာပဲ အဲ့မှာလုံခြုံရေးတွေချပြီး တော့ပြောခိုင်းချင်လဲ ရတာပဲ ကားမရ၆်ရဘုတ်ထောင်ရင်လဲရတာပဲ အစိုးရ၀န်ထမ်းက ပြည်သူ့ပစ္စည်းဖျက်စီးတာတော့မကောင်းပါဘူးဗျာ.....
  1. Anonymous said... :
    အကြမ်းဖက်နည်းနဲ့ မဖြေရှင်းရရင်မပြီးတော့ဘူးး
  1. Anonymous said... :
    စွမ်းအားရှင် မရှိလို့နေမှာပေါ့
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved