ရွှေပန်းကန်

Sunday, December 8, 2013

~

 


ကျွန်မဘွားလေးက ကျွန်မကို ငယ်ငယ်လေးတုန်းကအထိမခံရွှေပန်းကန်မို့ ရွှေပန်းကန်လို့ ချစ်စနိုးခေါ်တာ အခုချိန်ထိပဲ။

အခုတော့ ဘွားလေးကိုပြောရမယ် ... အဘွားရဲ့မြေး ရွှေပန်းကန် အခုတော့ သံပန်းကန်အဖြစ် တဖြည်းဖြည်းပြောင်းလဲလို့ လာနေပါပြီ။

အမေ့အိမ်မှာတုန်းက ဝင်းဝါနေတဲရွှေပန်းကန်လေး အရောင်ဖျော့လို့လာ
ကိုယ့်ကိုယ်ကိုယ်မှ မကာကွယ် ၊ ကိုယ့်မိသားစုအတွက် ကိုယ်ကမှ မရပ်တည်
မတရားမှုကိုခေါင်းငုံ့ခံ၊ မှန်ကန်သောတရားနည်းလမ်းကိုမျက်နှာလွှဲ၊ ငြိမ်းချမ်းရေးကိုမျက်ကွယ်ပြု

တစ်ကိုယ်ကောင်းဆန်အတ္တသမား၊ ခွင့်လွှတ်ချင်းတရားသည် ကိုယ့်ရဲ့ရန်သူ
ဘ၀ကူးကောင်းရေးထက် လောကီချမ်းသာထဲပျော်ရွှင်
ပြိုင်ဆိုင်မှုမီးတုတ်နဲ့ နာရီနဲ့အမျှမီးလှန့်ခံရလို့ လူပေါ်လူချင်းနင်းတက်ဖို့ မကြောက်..

ငွေသိန်းနဲ့ချီအလှူအတွက် အလှူခံဖြတ်ပိုင်း၊
စက္ကူကုသိုလ်ကြတော့သာဓုခေါ်လို့မဆုံး
မေတ္တာစိတ်ကလေးနဲ့ မေတ္တာပို့ရင်းပြုံးပြတဲ့အပြုံး

အပြုံးကုသိုလ်ကျ ပာန်ဆောင်တဲ့အပြုံးအတုနဲ့တုန့်ပြန်တဲ့သူတွေကြားမှာ
ကျွန်မတစ်ယောက် ရွှေပန်းကန်လေမှသံပန်းကန်ဖြစ်လို့လာနေပါပြီ။

  • အနီတာ ဘာရာဒွါဂျာ 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved