အမျိုးသမီး စွမ်းဆောင်ရှင် စစ်စစ်

Sunday, December 8, 2013


တရုတ်အမျိုးသမီးတဦးရဲ့ အစွမ်းပြချက် ဆပ်ကပ်မြင်ကွင်းတခုပါ။ ဆပ်ကပ် မယ်က ဘီးတဘီးတည်း ရှိတဲ့ ခပ်မြင့်မြင့် စက်ဘီးပေါ်မှာ ထိုင်ရင်း ဦးခေါင်းပေါ်မှာလည်း ကြွေပန်းကန်လုံးတွေ ရွက်ထားတယ်။ 


အဲဒီမှာ လက်တဖက်က ကိုင်ထားတဲ့ ကြွေပန်းကန်လုံး ၅ လုံး ကို ခြေဖမိုးပေါ် ဖင်တပြန် ခေါင်းတပြန် ဆင့်လိုက်တယ်။ 

ပြီးတော့ အဲဒီ ဆင့်ထားတဲ့ ကြွေပန်းကန်လုံး ၅ လုံးကို ဦးခေါင်းပေါ် ဆင့်ထား တဲ့ ကြွေပန်းကန်တွေထဲကို တချက် တည်း ခတ်ပြီး ထည့်ပြလိုက်တယ်။ ကွက်တိ ပါဘဲ။  မြန်မာတွေပြောကြတဲ့ လက်တည့်တယ်ဆိုတဲ့ စကား အစား ခြေတည့်တယ်လို့ ပြောင်းရမလားပါဘဲ။ ပရိသတ် သြဘာသံတွေနဲ့ အံ့ဖွယ် အစွမ်းပြ ကွက်ပါ။ ယူကျုမှာ ၂ ရက်အတွင်း ကြည့်ရှုကြိမ်ရေပေါင်း ၉ သိန်း နီးပါး ဖြစ်သွားပါပြီ။

  



အိမ့်သံစဉ် ~ 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved