ဒေါ်အောင်ဆန်းစုကြည်ရဲ့မြင်း ဆီးဂိမ်းမှာ ပြိုင်ပြီ

Friday, December 13, 2013

~


  ဒေါ်အောင်ဆန်းစုကြည်မှာ မြင်းတကောင် ရှိပါတယ်။ သူ့နာမည်က မြန်မာ့အလှ။
ဒီကနေ့ အလှပြမြင်းစီးပြိုင်ပွဲမှာ အဲဒီမြင်းလည်း ပါဝင်ပါတယ်။ စီးတဲ့သူကတော့  ကမ္ဘောဒီးယားမြင်းစီးသမားပါ။ 


 

 (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အဲဒီမြင်း ပြိုင်ပွဲဝင်ပုံကို ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် အားပေးခဲ့ပါတယ်။

 မြန်မာ့အလှကို YKKO မြင်းစီးကလပ်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတာလို့ ဆိုပါတယ်။

ဒီအကြောင်း ဧရာဝတီ ပင်မ စာမျက်နှာက Suu Kyi’s Stallion Performs at Southeast Asian Games  ဆိုတဲ့ သတင်းမှာ တွေ့ရမှာပါ။
လင့်က http://www.irrawaddy.org/burma/suu-kyis-stallion-performs-southeast-asian-games.html ဖြစ်ပါတယ်။

ပွဲအနိုင်အရှုံးသတင်းကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ -
ယနေ့ကျင်းပသည့် အုပ်စုလိုက် မြင်းအလှပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ကို အင်ဒိုနီးရှားနိုင်ငံက ရရှိခဲ့ပြီး ဒုတိယငွေတံဆိပ်ကို မြန်မာနိုင်ငံ၊ တတိယ ကြေးတံဆိပ်ကို စင်ကာပူနိုင်ငံ တို့က အသီးသီး ရှိခဲ့သည်
လို့ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြင်းအသုံးပြုတဲ့ဒေသကိုရောက်တဲ့အခါ ကိုယ်တိုင်လည်း မြင်းစီးပုံရပါတယ်။ သူ မြင်းစီးတဲ့ပုံတွေကို အင်တာနက်မှာ တွေ့ရပါလိမ့်မယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved