စင်ကာပူနိုင်ငံ Little India လို့ ခေါ်တဲ့ အရပ်မှာ မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့က လူ ၄၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပုဂ္ဂလိက ဘတ်စ်ကား တစီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမား တဦးကို တိုက်မိခဲ့ရာက အခုလို စတင်ခဲ့တာဖြစ်တယ်လို့ စင်ကာပူ CNA သတင်းက ဆိုပါတယ်။ အင်မတန် ဖြစ်ခဲတဲ့ ဒီဖြစ်စဉ်ကြောင့် စင်ကာပူရောက် မြန်မာတွေလည်း အတော်သတိထားနေရတယ်လို့ သိရပါတယ်။
မနေ့က ဖြစ်သွားတဲ့ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း အသက် ၃၃ အရွယ် အိန္ဒိယလူမျိုး တဦး သေဆုံးသွားပြီး တောင်အာရှနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးထားတယ်လို့ Chanel News Asia သတင်းမှာ ဖော်ပြထားပါတယ်။
အချိန်အနည်းငယ်အတွင်း စင်ကာပူရဲက အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တခုကို သန်းခေါင်ကျော် မနက် ၁ နာရီ ကျော်က လုပ်ခဲ့ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ ပဲ ဆက်လက်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကတော့ ဒီအကြမ်းဖက်မှုဟာ အတော် လက်ရဲဇက်ရဲနဲ့ လုပ်ခဲ့ကြ တာဖြစ်ပြီး ဒီလို ဥပဒေမဲ့ ရာဇဝတ်မှု ကျူးလွန်တာမျိုး ဘယ်လိုမှ သည်းမခံနိုင်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်အကြမ်းဖက်မှု မြင်ကွင်းဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အခင်းဖြစ်ပွားမှုကြောင့် ရဲတပ်သားတွေလည်း ဒဏ်ရာ ရကြသလို ရဲကား ၅ စီး ၊ အရေးပေါ် လူနာတင်ယာဉ် တစီးတို့ ပျက်ဆီး ဆုံးရှုံးသွားပြီး ရဲအရာရှိ ၁ဝ ဦး၊ အခြား အရပ်ဘက်လုံခြုံရေး အရာရှိတွေ ထိခိုက် ဒဏ်ရာ ရသွားခဲ့တယ်လို့ ညတွင်းချင်း လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတာဝန်ရှိသူတွေက ပြောပါတယ်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကတော့ ဒီအကြမ်းဖက်မှုဟာ အတော် လက်ရဲဇက်ရဲနဲ့ လုပ်ခဲ့ကြ တာဖြစ်ပြီး ဒီလို ဥပဒေမဲ့ ရာဇဝတ်မှု ကျူးလွန်တာမျိုး ဘယ်လိုမှ သည်းမခံနိုင်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်အကြမ်းဖက်မှု မြင်ကွင်းဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
အိမ့်သံစဉ် ~
+520.jpg)
0 comments :
Post a Comment